ချောင်​ပိတ်​မိသွားခြင်း

6.8K 766 59
                                    

အပိုင်း(၂၃)

ဖုန်းက alram ၏တတီတီအသံ​ကြောင့်​ Yan Yi Jun [ရန်​ရီကျွင်း] ဆတ်​ခနဲထလိုက်​ပြီး  ခြုံထားသည့်​ ​စောင်​ပား​လေးကို အားကုန်​ကန်​ပစ်လိုက်​ရင်း စိတ်​ရှုပ်​စွာ တစ်​​ချက်​​အော်​လိုက်​သည်​။ နှိုးစက်​ပိတ်​လိုက်​ကာ ​လေးပင်​​နေ​သော ​ခြေလှမ်းများဖြင့်​ ​ရေချိုးခန်းထဲ​ရောက်​​တော့ မှန်​​ပေါ်မှာ မြင်​လိုက်​ရသည့်​ သူ့မျက်​နှာကိုသူ ကြည့်​ပြီး ငိုချင်​စိတ်​ပင်​​ပောက်​လာရသည်​။ Changsha မှာရှိခဲ့သည့်​ တစ်​​လျှောက်​လုံး Zhang Shen Wei ၏ ​ကောင်းမှုဖြင့်​ အိပ်​​ရေးပျက်​ခဲ့သမျှ​တွေက သူ့မျက်​ကွင်းကို ​သိသိသာသာ ညို​နေ​စေသည်​။

" Arr မျက်​နှာ​လေးကလဲ ဘယ်​လို​တောင်​​ချောင်​ချသွားတာလဲ..!"

ူ့သူ့ပုံ​ပေါ်​နေတဲ့ မှန်​ကို အလိုမကျစွာ ​ရေနှင့်​ပက်​လိုက်​ပြီး သွားတိုက်​ရန်​ စင်​​ပေါ်က သွားတိုက်​တံဆီ လက်​လှမ်းလိုက်​သည်​။ အိပ်​ချင်​စိတ်​က အခုထိပင်​ မ​ပြေ​သေး.. မ​နေ့ညကမှ သူ Changsha က ​ပြန်​​ရောက်​တာမလို့ ဒီ​နေ့ ​ကောင်း​ကောင်းအနားယူချင်​​သေး​ပေမယ့်​ ​ကျောင်းက ဒီ​နေ့ မသွားမရ။ ​ရေချိုးပြီး​တော့ ဗီရိုထဲကဇာ​လေး​တွေနှင့်​ အတွင်းခံ ​ရောင်​စုံ​လေး​တွေကို မြင်​​တော့ သူစိတ်​နာစွာနှင့်​ မျက်​နှာလွှဲလိုက်​သည်​။

"  မဝတ်​ဘူး မဝတ်​ဘူး.. နင်​တို့​ကြောင့်​ ဟို​ကောင်​က ငါ့ကိုဟိုဟာလုပ်​ ဒါလုပ်​နဲ့ အမိန့်​​ပေး​နေတာ.."

သူဗီရိုကို ​စောင့်​ပိတ်​လိုက်​ရင်း တစ်​ဖက်​က ​ယောကျာ်း​လေးအဝတ်​​တွေချည်းသီးသန့်​ထည့်​ထားတဲ့ဗီရို ဆီက အဖြူ​ရောင်​ရိုးရိုးရှပ်​အကျီတစ်​ထည်​နှင့်​ ဂျင်း​ဘောင်းဘီတစ်​ထည်​ကို ဆွဲထုတ်​လိုက်​သည်​။

" ​ဘယ်​လိုလဲ ? Changsha မှာ​ပျော်​ခဲ့ရဲ့လား..?"

ကျောင်း​ရောက်​​တော့ သူ့ခုံမှာ ထိုင်​ထိုင်​လိုက်​ချင်း Li Hong Yi [လီဟုန်ရိ]​က သူ့ကို​မေးလာသည်​။

" ငရဲ​တောင်​ ဒီ​လောက်​ဆိုးမယ်​ မထင်​ဘူး..​ရော့ .."

သူလက်​ထဲက လက်​​ဆောင်​ထည့်​ထားသည့်​ အိတ်​ကို Li Hong Yi ဆီကမ်း​ပေးလိုက်​သည်​။

DESTINED [BL×OC]Where stories live. Discover now