အခန်း(၂) - သူ့ပြစ်ချက်တွေက မရေတွက်နိုင်လောက်အောင်ပဲ

7.2K 551 9
                                    

ဒီတစ်ဖက်မှာက ရန်ဖြစ်တော့မလိုဖြစ်နေပေမယ့် တခြားတစ်ဖက်မှလူစုက အဖက်တောင် မလုပ်ကြပေ။ သူတို့ကိုယ်သူတို့ မန်နေဂျာဆီမှာ နာမည်ပေးရတာနဲ့ အလုပ်ရှုပ်နေကြ၏။

မန်နေဂျာက အရင်တုန်းက အရန်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတာကြောင့် သူတို့စိတ်တွေကို သိနေသည်။ အဲဒါကြောင့် သူ့ဘေးနားကလူတွေ သူ့ဆီကို နာမည်လာပေးပြီး သူ့ကိုကပ်ဖားရပ်ဖား လာလုပ်နေကြတာကို ပြန်ပြီး အဖက်မလုပ်နေတော့ပေ။ မာန်တက်နေတဲ့ မျက်လုံးတွေနဲ့ လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး အရည်အသွေးမီတဲ့ တိရစ္ဆာန်တွေကို ရွေးထုတ်သလိုမျိုး... "မင်းရယ်..မင်းရယ်..မင်းရယ်......ကျန်တဲ့လူတွေ သွားတော့" လို့ ပြောလိုက်သည်။

အရွေးခံရတဲ့သူတွေက မန်နေဂျာနောက်ကို လိုက်သွားပြီး အရွေးမခံရသူများကတော့ အကြာကြီး ဆက်စောင့်နေကြရသည်။

Li Shang က လူရွေးမှုပြီးပြီးချင်းပဲ Han Dong နဲ့ လူကြီးတစ်ယောက် နပန်းသတ်နေတာကို တွေ့လိုက်ရသည်။ သူကအခြေအနေကို နားမလည်တော့ ရှေ့ထွက်သွားပြီးမဆွဲရဲပေ။ အဲဒီအစား ဘေးနားက လူတစ်ယောက်ကိုဆွဲကာ မေးကြည့်လိုက်သည်။

"ဟိုမှာ ရန်ဖြစ်နေတာ ဘယ်သူလဲ"

"ဒီမှာ ကျွန်တော်တို့နဲ့ နေ့တိုင်းအတူရှိတဲ့ ကျွန်တော်တို့အစ်ကိုပဲ"

"သူအရိုက်ခံနေရတာကို မင်းတို့က ဂရုတောင်မစိုက်ဘူးလား" Li Shang က မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"ဂရုစိုက်ရမယ်..ဘာလို့ဂရုစိုက်ရမှာလဲ...ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ဘူး..ပြီးတော့ မန်နေဂျာက လူခေါ်တိုင်း ၁၀ခါမှာ ၉ခါက သူအမြဲအရွေးခံရတာပဲ...လူတစ်ယောက်စာပဲ နေရာရှိရင်တောင်မှ သူရှိနေသရွေ့ တခြားလူတွေက မျှော်လင့်ချက်မရှိဘူး"

Li Shang က Han Dong ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သူက အရပ်မြင့်ကာ ခြေထောက်ရှည်ရှည်တွေရှိပြီး အရပ်အမောင်း အတော်လေး ကောင်းသည်။ သူ့ခန္ဓာကိုယ်အချိုးအစားကြောင့် အရွေးခံရတာ ဖြစ်နိုင်သည်။ မျက်နှာက အရမ်းကြီး ခန့်ညားနေတာ မဟုတ်သော်လည်း ရုပ်လည်းမဆိုးပေ။ ရုပ်ကအရမ်းကွဲပြားကာ တစ်ခါကြည့်ရုံနှင့် မှတ်မိနိုင်သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now