အခန်း (၁၄) - အခြေအနေတွေကို ဘယ်သူသတ်မှတ်တာလဲ

3.1K 355 10
                                    

"တိုးတိုးပြောစမ်းပါ... ငါ့ကောင်မလေး ရှိနေတယ်လေ... ငါ့ကိုသိက္ခာကျအောင် မလုပ်စမ်းပါနဲ့" Han Dong က သူ့ကိုသတိပေးလိုက်သည်။

"သူ့ကိုလည်း ခင်ဗျားကောင်မလေးလို့ ခေါ်တာပဲလား... ဒီကျစ်ဆံမြီးလေးတောင် မဖြည်ရသေးဘူး လူကပြောင်းသွားပြီ"
Li Shang က Han Dong ရဲ့ ငါးရိုးကျစ်ဆံမြီးကိုဆွဲကာ လှောင်ပြီးပြောလိုက်သည်။

"ဒီနေ့ ရုပ်ရှင်အတွက် တွေ့တာဘယ်လိုလဲ"
Han Dong က Li Shang လက်ကို ပုတ်ထုတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

ဒီအကြောင်းပြောလိုက်တော့ Li Shang မျက်နှာမှာ အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။

"ခင်ဗျား ဗေဒင်တွက်တာ လုံးဝကွက်တိပဲ... ကျွန်တော် နာမည်ကြီးဖြစ်ဖို့ တကယ်ကံဇာတာပါတယ်"

"ဟဲလို" Han Dong က Li Shang ကို အသေးစိတ်မေးမလို့ပဲ ရှိသေးသည်...နောက်က မိန်းမလှလေးက စိတ်မရှည်စွာ နှုတ်ခမ်းဆူပြီး ပြောလိုက်၏။

"ငါသူ့ကို အဖော်လုပ်ပေးလိုက်ဦးမယ်... ခဏနေမှ မင်းနဲ့စကားပြောတော့မယ်"

ခပ်ချောချောကောာင်မလေးကို အိမ်ပြန်လိုက်ပို့ပြီးတော့ Han Dong က
Li Shang ရဲ့ ဒီနေ့ 'စစ်မြေပြင်အခြေအနေ' အကြောင်းကို အရမ်းသိချင်နေခဲ့သည်။

"ကျွန်တော်ပြောသားပဲ... ဒီနေ့လူလာရွေးတဲ့လူက Zhong Ding ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီကလာတာ... ဒီနှစ်ရဲ့နာမည်ကြီးရုပ်ရှင် ရိုက်ဖို့ ဇာတ်ကောင်တွေအများကြီးအတွက် လူသစ်တွေကို စပြီးသုံးမလို့လေ... ဒီနေ့ အကြိုလူရွေးပွဲမှာ ကျွန်တော်ပါခဲ့တယ်...
လူ ၁၀၀ကျော်လောက်မှာ ကျွန်တော် တစ်ယောက်တည်းပဲ ရွေးချယ်ခံခဲ့ရတယ်... ပရိုဂျူဆာချုပ်က ရွေးမှာလို့ ကျွန်တော် ကြားခဲ့တယ်... အဲဒီနေ့ကျရင် ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့သင့်တယ်"

"ငါအရွေးခံလိုက်ရရင် ဘယ်လိုလုပ်မလဲ... နာမည်ကြီးမင်းသားတွေ သူတို့ ပထမဆုံး ပွဲထွက်တဲ့အချိန်မှာ သူတို့အတွေ့အကြုံတွေ ပြောပြခဲ့တာကို မကြားဖူးဘူးလား... သူတို့တွေအကုန်လုံး သူငယ်ချင်းတွေနဲ့အတူ လိုက်သွားခဲ့ကြပြီး နောက်ဆုံးတော့ သူတို့က အစားအရွေးခံလိုက်ရတာချည်းပဲ"
Han Dong က ရယ်ပြီးပြောလိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now