အခန်း (၁၆) - ထွက်သွားစမ်း

3.1K 362 31
                                    

Li Shang တံခါးဖွင့်လိုက်တဲ့အချိန်မှာ နံရံထောင့်ကိုမှီပြီး ထိုင်နေတဲ့ Han Dong ကို တွေ့လိုက်ရပြီး ချက်ချင်းပဲ ထိတ်လန့် သွားခဲ့ရသည်။

"ဘာလုပ်နေတာလဲ"

"ငါ သရုပ်ဆောင်လောက ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ" Han Dong က စိတ်ဓာတ်ကျနေသလိုပုံမျိုးဖြင့် သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျား ရူးသွားပြီလား" Li Shang က ကြောင်သွားကာ မေးလိုက်မိသည်။

"ဟင့်အင်း မရူးပါဘူး" Han Dong က စိတ်ပျက်လက်ပျက် အရက်တစ်ငုံ သောက်လိုက်ကာ ဒီလောကကြီးက လောကီရေးရာကိစ္စတွေအားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်နေသလိုပုံစံမျိုးဖြင့် အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

"အနုပညာလောကထဲက ရေက အရမ်းနက်လွန်းတယ်... သူများထက် ကိုယ်က အပေါ်ကိုတက်လာရဖို့အတွက် လူအများစုက အကုန်လုံးကို စွန့်လွှတ်ပြီး တည်ကြည်မှုတွေ စည်းတွေ ဂုဏ်သိက္ခာတွေ မရှိဘဲ နေကြတယ်...ဒီလိုမျိုး ဇိမ်ခံပျက်စီးနေကြတာတွေ ပြောမပြနိုင်လောက်အောင် ကိုယ်ကျင့်သိက္ခာ မရှိကြတဲ့ ဘ၀မျိုးမှာနေကြတာကို မုန်းတယ်... ဒီတော့ ငါတည်တည်ငြိမ်ငြိမ်နေတော့ဖို့ စဉ်းစားနေတာပါ"

အဲဒီစကားတွေကို ကြားလိုက်ပြီးတဲ့အခါ
Li Shang က ကိုယ်ကိုမတ်ကာ ပြန်ပြောလိုက်သည်။

"ခင်ဗျားက အနုပညာလောကထဲ အရင်က ရောက်ဖူးလို့လား... ပြောနေလိုက်တာ သူတကယ်ရောက်ဖူးတာကျနေတာပဲ"

Han Dong က မရောက်ဖူးတာကို လက်ခံလိုက်ပြီး Li Shang ကို ၀မ်းနည်းစွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အချစ်အတွက် လုပ်ရင် မရဘူးလား"

"လာပြန်ပြီလား ဒီအချစ်အတွက်ပဲ"

ဒီအချိန်မှာ Han Dong က မူးနေပြီဖြစ်ပြီး တမြတ်တနိုးနဲ့ ပြောလိုက်သည်။

"Nan Zhen က တခြားမိန်းကလေးတွေနဲ့ မတူဘူး... သူ့အတွက် ဒီလို ဆက်တိုက် ပြောင်းလဲနေရတဲ့ နေထိုင်မှုပုံစံမျိုးကို စွန့်လွှတ်ပြီးတော့ ချမ်းသာဖို့တွေ ကံကောင်းဖို့တွေနောက်မလိုက်ဘဲ ကျကျနန အလုပ်တစ်ခုရှာပြီး ငါတို့နှစ်ယောက်တည်း..."

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now