အပိုင်း (၂၅) - ကောင်းကောင်း မြေတောင်မြှောက်ပေးလို့ရတယ်

3.2K 259 47
                                    

Unicode

★★★★★★ 

Li Shang က ခြေထောက်ရှည်ထွက်စေတဲ့ ခွဲစိတ်မှုကိုလက်ခံလိုက်သည်။ ဆရာဝန်က သူ့ခြေထောက်က အရိုးတွေကို အရင်ဖြတ်မယ်... ပြီးတော့မှ အစွန်းနှစ်ဘက်ကို စတီးလ်ချောင်းနှစ်ချောင်းနဲ့ ဖောက်ပြီး ပြန်တေ့ထားမယ်။ ပြီးမှ ခြေထောက်အပြင်ဘက်ကနေ ၁၀ပေါင်လေးတဲ့ အရိုးဆက်စက်နဲ့ ထိန်းထားမယ်။

အဲဒီလိုလုပ်ရင် အရိုးတွေ ကြွက်သားတွေနဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်ပြီး ဆဲလ်ကွဲပွားမှုတွေထဲမှာ သွေးကြောတွေကို ပိုအလုပ်လုပ်စေတဲ့အတွက် အရိုးမြန်မြန်ရှည်ထွက်စေမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်တည်းက ခွဲစိတ်မှုက လုပ်လို့ပြီးသွားပြီး နာကျင်တာက သက်သာမလာဘဲ ပိုပိုပြင်းထန်လာခဲ့သည်။

Li Shang က ဆရာဝန်ကိုခေါ်ပြီး အရင်လို ပြန်ဖြစ်အောင်လုပ်ပေးပါလို့ အကြိမ်ကြိမ် ပြောချင်စိတ်ပေါက်မိပေမယ့်လည်း ကုန်ကျစရိတ်ကို စဉ်းစားမိတဲ့အခါ အံကြိတ်ပြီးသာနေလိုက်ရသည်။

ဒါပေမဲ့ ဒါက ဒီအိပ်မက်ဆိုးကြီးရဲ့ အစပဲရှိသေး၏။

သုံးရက်မြောက်နေ့လည်းကျရော ဆရာဝန်က အပြင်ဘက်အရိုးဆက်စက်ရဲ့ ထိပ်က ဝက်အူတွေကိုလှည့်ပြီး ၁မီလီမီတာ ရှည်ထွက်အောင် စလုပ်ခဲ့သည်။
အဲဒီလိုလုပ်နေတဲ့အချိန်အတွင်း Li Shang နာလွန်းလို့ သတိလစ်တော့မလောက်ပင်။

လူနာဆောင်က လူသတ်ကွင်းတစ်ခုလိုပဲ... ဆံပင်မွေးတွေ ထောင်သွားလောက်အောင် အော်ဟစ်သံ ညည်းသံတွေနဲ့ ပြည့်နေခဲ့သည်။

အခက်ခဲဆုံးအချိန်တွေကတော့ ညနေခင်းတွေပါပဲ။ ဆေးရုံအိပ်ရာဆိုတာ Li Shang အတွက် နှိပ်စက်ခံနေရတဲ့ အပြစ်ပေးစင်လိုမျိုးပင်။ သူ့မှာ ပါးစပ်ဟ လိုက်တာနဲ့ အကူအညီတောင်းမိမှာစိုးလို့ ဖုန်းတောင်မခေါ်ရဲ။

ဒီလို အထီးကျန်မှု အားငယ်မှု ခံစားရမှုတွေက... နောက်ပိုင်း အကုန်လုံးကို ပြန်သတိရမိတဲ့အခါ သူ့တစ်ကိုယ်လုံး သွေးတွေအေးစက် သွားရလောက် သည်။

ခွဲစိတ်ဖို့ပြင်ဆင်တဲ့နှစ်ရက်နဲ့ ပြန်ကောင်းအောင် အနားယူရတဲ့ နှစ်ရက်အပြင် ဒီလိုလူမဆန်တဲ့နှိပ်စက်မှုမျိုးကို Li Shang စုစုပေါင်း၁၀ရက် ခံစားခဲ့ရ သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 22, 2019 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Feng Mang (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora