အခန်း (၂၂) - အမှား

4.2K 416 36
                                    

ဇိမ်ကျတဲ့တိုက်ခန်းမှာနေပြီး သဘာဝချည်သား ရေချိုးဝတ်စုံကိုဝတ်ကာ ပရိုဂျူဆာချုပ် Liang Jing ရဲ့ နာမည်ကြီး ရုပ်ရှင်ကိုရှာဖွေနေရင်း နိုင်ငံခြားကလာတဲ့ သားရေဆိုဖာပေါ်မှာထိုင်နေပြီး Li Shang တစ်ယောက် လက်တွေ့ဘဝ မဟုတ်သလိုမျိုး ခံစားနေရ၏။

တက္ကသိုလ်တုန်းက သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး "မင်း အလုပ် ရသွားပြီလား" လို့မေးခဲ့သည်။

"မင်းသားဖြစ်တာရော အလုပ်လို့ခေါ်မလား"
Li Shang က ရယ်ပြီး ပြန်ဖြေလိုက်သည်။

"သေလိုက်ပါလား..မင်းက စက်မှုအင်ဂျင်နီယာနဲ့ ကျောင်းပြီးထားတာ... မင်းသာနာမည်ကြီးဖြစ်ရင် ငါနွားချေးတစ်ပုံးတောင် စားပြလိုက်ဦးမယ်"

Li Shang က အားရပါးရရယ်ကာ ပြန်ပြောမလို့ပဲရှိသေးသည် တံခါးဘဲလ်က မြည်လာခဲ့၏။

"ဧည့်သည်ရောက်လာလို့ နောက်မှစကားပြောတော့မယ်ကွာ"

Li Shang တံခါးဖွင့်လိုက်တဲ့အချိန်မှာ ရောက်လာတဲ့သူက Liang Jing ဖြစ်နေတာကို တွေ့လိုက်ရပြီး စိတ်တွေလှုပ်ရှားလာခဲ့သည်။

"ငါအိပ်မပျော်လို့ မင်းခန္ဓာကိုယ်ကို လာစစ်ဆေးတာ" Liang Jing က တန်းဝင်လာခဲ့သည်။

"ကျွန်တော့်ခန္ဓာကိုယ်ကို လာစစ်ဆေးတာ ဟုတ်လား" Li Shang က အံ့သြသွားခဲ့၏။

မကြာခင်မှာ Xiao Wen ရောက်လာပြီးတော့ အမြင့်တိုင်းကိရိယာ၊ ထောင့်မှန်တိုင်းကိရိယာနဲ့ ထောင့်ချိုးတိုင်း ကိရိယာတွေ ယူလာခဲ့သည်။

"ငါတို့ နောက်ဆုံးတွေ့ခဲ့တာက ၁၀ရက်ရှိပြီဆိုတော့ ဒီအချိန်အတွင်းမှာ မင်း diet ကို အာရုံမစိုက်ခဲ့ရင် အချက်အလက် အပြောင်းအလဲ ဖြစ်သွားနိုင်တယ်... နည်းနည်းလေး လွဲသွားရင် ငါတို့ ဒီနှစ်ရက်အတွင်းမှာ ပြန်ရအောင် လုပ်နိုင်တယ်"

"ကျွန်တော်တို့က..... အရင်က တွေ့ဖူးကြလို့လား" Li Shang က ရှုပ်ထွေးသွားမိသည်။

Liang Jing က မရှင်းပြဘဲ Xiao Wen ကိုပဲ အလုပ်စလုပ်ရန် မေးငေါ့ကာ အချက်ပြလိုက်၏။

Li Shang က နောက်တစ်ကြိမ် တစ်ကိုယ်လုံး ချွတ်ရပြန်၏။

Xiao Wen က Liang Jing အရင်က ပြောထားတဲ့ အရပ်တစ်ခုကလွဲရင် Li Shang တစ်ကိုယ်လုံးကို ခရေစေ့တွင်းကျ တိုင်းတာခဲ့သည်။ သူက တင်ပါးအတိုင်းအတာ၊ ခြေထောက်အလျားတွေ... ပေါင်တွေ... ခြေသလုံးကြွက်သား လုံးပတ်တွေ... ခြေထောက်အကွေးတွေကို အထူးသေချာ တိုင်းတာခဲ့သည်။ တိုင်းတာတဲ့ဖြစ်စဉ်တစ်ခုလုံးက နာရီဝက်ကြာပြီး Xiao Wen က အချက်အလက်တွေကို စစ်ဆေးအတည်ပြုပြီး Liang Jing ကို ကမ်းပေးလိုက် သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now