အခန်း (၁၉) - သူက ကောင်းတဲ့လူမဟုတ်ဘူး

2.9K 356 19
                                    

ည ၁၀ကျော်လောက်ကျတော့ Han Dong က 'အလေလိုက်' ရာမှ ပြန်ရောက်လာပြီး Li Shang အခန်းသန့်ရှင်းရေးလုပ်နေပြန်တာကို တွေ့လိုက်ရသည်။ ထို့အပြင် အရင်ကထက် ပိုမိုသန့်ရှင်းသပ်ရပ်နေ၏။ Li Shang ပိုင်တဲ့ ပစ္စည်းတွေအားလုံးကို ပုံးတစ်ခုထဲ စုထည့်ထားခဲ့သည်။

"မင်းပြောင်းတော့ မလို့လား" Han Dong က မေးလိုက်သည်။

"ဟုတ်တယ်... ခင်ဗျားပြောလိုက်တဲ့အတိုင်းပဲ"
Li Shang ပျော်ရွှင်မှုက သူ့စကားလုံးတွေထဲမှာ ပေါ်လွင်နေသည်။

"မင်းအရွေးခံခဲ့ရတယ်လို့...... ပြောတာလား"
Li Shang ပျော်နေတာကို ကြည့်ပြီး
Han Dong က မရဲတရဲမေးလိုက်သည်။

"ဟားဟားဟား... အစ်ကိုရာ.. ဘောင်းဘီပေးလိုက်တာ ကျေးဇူးပဲဗျာ"

Li Shang က Han Dong လက်ကို ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ဒီနေ့ သူကြုံခဲ့ရတဲ့ 'အံ့သြစရာတွေ' အမျိုးမျိုးကို တစ်ထိုင်တည်း အကုန်ပြန် ပြောပြတော့၏။ ဒါတွေအားလုံး နားထောင်ရင်း Han Dong က ရှုပ်ထွေးသွားကာ....

"ရိုက်စားလုပ်တာတော့ မဟုတ်ဘူး မဟုတ်လား"

"ကျွန်တော့်ကို လိမ်စရာ ကျွန်တော့်မှာ ဘာများရှိလို့လဲ... ပိုက်ဆံလည်း မရှိဘူး ရုပ်လည်းမချောဘူးလေ"

Han Dong လည်း အဲဒီလိုပဲ တွေးမိသည်။

Li Shang က မာန်တက်ကာ ပြောလိုက်သည်။

"ဘေကျင်းရုပ်ရှင်အကယ်ဒမီကနေ ဘွဲ့ရပြီး အခုထိ ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ခွင့် မရသေးတဲ့လူတွေ ဘယ်လောက်ရှိလဲသိလား... လူတစ်သိန်းခွဲလောက်ရှိတယ်... ကျွန်တော့်လို နောက်ခံလည်းမရှိ အတွေ့အကြုံလည်းမရှိဘဲ သိပ္ပံဌာနကနေ ဘွဲ့ရခဲ့တဲ့လူက မမျှော်လင့်ဘဲ အရွေးခံခဲ့ရတယ်"

"သြော်...ငါ ဒီမှာ ၅နှစ်လောက်ထိုင်နေခဲ့တာတော့ ဘာမှမရဘဲ မင်းက ငါးရက်လောက် ဟိုဖြတ်လျှောက် ဒီဖြတ်လျှောက်လုပ်ပြီး အရွေးခံလိုက်ရတယ်"

Han Dong ရင်ထဲခါးသွားမိသည်။

"ကျွန်တော်အောင်မြင်တာ ဆရာသမား ညွှန်ကြားမှုကြောင့်ပါဗျာ... ကျွန်တော် ပြန်တာနဲ့ ဒီဘောင်းဘီကို တရိုတသေကိုးကွယ်ထားမယ်"

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now