အခန်း (၃) - စံနှုန်းများ

6K 526 17
                                    

ဇိမ်ခံကားတစ်စီးက လမ်းပေါ်မှာ ဖြည်းဖြည်းလေး မောင်းလာခဲ့သည်။ ကားထဲမှာထိုင်လိုက်လာခဲ့တာက Zhong Ding ရုပ်ရှင်ကုမ္ပဏီရဲ့ ခေါင်းဆောင် ပရိုဂျူဆာ LiangJing ဖြစ်သည်။
ဒီလောကထဲကိုဝင်လာတာသိပ်မကြာသေးပေမယ့် နောက်ခံအသိုင်းအ၀ိုင်း တောင့်တင်းတဲ့ မင်းသမီး Tao Yunyunနဲ့ အတူထိုင်နေခဲ့တာဖြစ်သည်။
Liang Jing က ထုတ်လုပ်သူအဖြစ်ရော ဒါရိုက်တာအဖြစ်ရော အတွေ့အကြုံရှိပြီး နာမည်ကြီးလက်ရာတွေ အများကြီးကို ဖန်တီးခဲ့သူဖြစ်သည်။
ဒီတော့ ဒီလောကထဲမှာသူကအတော်လေး လွှမ်းမိုးနိုင်သူဖြစ်၏။
ဒါပေမဲ့ ဒီတစ်ခေါက်တော့ ခြွင်းချက်အဖြစ် စီနီယာတစ်ယောက်အနေနဲ့ Tao Yunyun ကို အခါခါ သတိပေးနေရသည်။

"ဒီဇာတ်လမ်းက Mr.Wang စီစဉ်တာနော်... အဓိကဇာတ်ကောင်တွေက သူကိုယ်တိုင်ရွေးမှာ... စကတည်းက ဒီကိစ္စမှာ ဒါရိုက်တာတွေ ၀င်ပါလို့ မရဘူး... ဇာတ်ဆောင်မင်းသမီးနေရာကို စဉ်းတောင်မစဉ်းစားနဲ့... ကောင်းတဲ့ဇာတ်ကောင်တွေ အများကြီးပဲ ရှိပါသေးတယ်... သရုပ်ဆောင်ခွင့် ရမရဆိုတာ ဒီနေ့ မင်းစွမ်းဆောင်တဲ့အပေါ်မှာပဲ မူတည်တယ်... Mr.Wang က ဘယ်သရုပ်ဆောင်နဲ့မှ နှစ်ယောက်တည်း မတွေ့ဘူး... ဒီနေ့တောင်ဇာတ်လမ်းအကြောင်းပြောဖို့လို့ အကြောင်းပြပြီး နာရီဝက်လောက် ရအောင် ယူထားရတယ်"

"ဒါဆိုရင်.... Mr.Wang က ဘာထူခြားတဲ့ဝါသနာတွေရှိလဲ"
Tao Yunyun ကသူ့နှုတ်ခမ်းနီနီလေးကို အသာလေး ကိုက်လိုက်ကာ မေးလိုက်သည်။

"ထူးခြားတဲ့ ၀ါသနာတွေဟုတ်လား... အဲဒီအတွေးကို ချက်ချင်းဖျောက်ပစ်လိုက်တော့... သူက တကယ့်ကိုရိုးရှင်းပြီးတော့ လေးနက်တဲ့သူပဲ... မင်းတကယ်လို့ တခြားနည်းလမ်းတွေ သုံးချင်ရင်တောင်မှ မင်းအလှည့်ရောက်မှာမဟုတ်ဘူး"

Tao Yunyun က စိတ်မအေးသေးဘဲ...
"ဒါဆိုရင်လည်း သူမုန်းတာ တစ်ခုခုရှိလား... သူမကြိုက်တဲ့ စရိုက်မျိုး ပြောထားမှ ပြဿနာမဖြစ်အောင်ရှောင်လို့ရမှာပေါ့..."

Liang Jing က ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ သူကနှာဘူးကျတဲ့လူရှုပ်တွေနဲ့ အကျင့်မကောင်းတဲ့ လမ်းသရဲတွေကိုမုန်းတယ်... အဲဒါက ယောက်ျားလေးတွေကို ပြောတာဆိုပေမယ့် မင်းလည်း သိက္ခာရှိပြီး သင့်တော်တဲ့အပြုအမူမျိုးကိုထိန်းထားရမယ်... ဒုတိယက သူကကြွားလိုက်ရမှ နေသာထိုင်သာ ရှိတဲ့သူတွေကို မုန်းတယ်... မင်းနှိမ့်နှိမ့်ချချနေဖို့သတိထားရမယ်... တတိယက သူက နှေးကွေးပြီး အချိန်ဆွဲတဲ့သူတွေကို မုန်းတယ်... မင်းမြန်မြန်ဆန်ဆန် ပြောဆိုလုပ်ကိုင်တာ အကောင်းဆုံးပဲ... ၄ခုမြောက်ကတော့ သူကဥာဏ်ပြေးပြီးတော့ တွက်တတ်ချက်တတ်တဲ့ သူတွေကိုမုန်းတယ်... ဒီတော့ မင်းအရမ်းကြီးဥာဏ်ကောင်းသလို လုပ်မနေတာ ကောင်းလိမ့်မယ်... ၅ခုမြောက်ကတော့ သူကဘာသာမဲ့ပဲ... တန်ခိုးကြီးတဲ့အရာတွေအကြောင်း အရမ်းအယူသီးတဲ့သူတွေကို မုန်းတယ်...
လုံးဝ အယူသီးတဲ့မှတ်ချက်မျိုးတွေ မချမိစေနဲ့"

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now