အခန်း (၂၀) - မကောင်းတဲ့ရေစက်ကို ဒီနေ့အဆုံးသတ်ပစ်မယ်

3.1K 387 76
                                    

Wang Zhong Ding နဲ့ မတွေ့ခင်မှာ တစ်ခါက Tao Yun Yun ကို Liang Jing ရွတ်ပြခဲ့တဲ့ "မလုပ်ရတဲ့ အချက်၅ချက်" က အခု Li Shang ကိုလည်း တစ်လုံးမကျန် ရွတ်ပြနေပြန်ပြီ ဖြစ်သည်။

"ခင်ဗျား Han Dong ကို ဘယ်လိုသိတာလဲ"
Li Shang က ကြောင်သွားကာ မေးလိုက်သည်။

"Han Dong ဟုတ်လား" Liang Jing က
Li Shang အတွေးကို နားမလည်နိုင်ဘူး ဖြစ်နေသည်။

"ဟုတ်တယ်...ခင်ဗျားပြောနေတဲ့လူက
Han Dong မဟုတ်ဘူးလား" Li Shang က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဘာ Han Dong တွေ Han Xi တွေလုပ်နေတာလဲ... ငါက Mr.Wang အမြဲတမ်းမုန်းတတ်တဲ့ စရိုက်မျိုးကိုပြောတာ.. တစ်ယောက်ယောက်ကို ရည်ညွှန်းပြီး ပြောတာမဟုတ်ဘူး" Liang Jing က Li Shang စကားဖြတ်ပြောတာကို သဘောမတွေ့ဘူး ဖြစ်သွားခဲ့သည်။

(Han Dong နာမည်က Dong က အရှေ့အရပ် ဖြစ်ပြီး Xi က အနောက်အရပ် ဖြစ်သည်)

"သူတကယ်ပဲ...Han Dong ကို..."

"မင်းအခုထိ မနိုးသေးဘူးလား" Liang Jing က ခပ်မာမာ ဖြတ်ပြောလိုက် သည်။

ကျွန်တော် လုံးဝကိုမအိပ်ရသေးဘူး......
Li Shang က စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။

"မစ္စတာ Wang... အခုအချိန်ခဏလောက် ရမလားခင်ဗျ" Liang Jing က Wang Zhong Ding ကို ဖုန်းဆက်ပြီး မေးလိုက်သည်။

"ကျွန်တော် တစ်နေ့လုံး အပြင်ရောက်နေတာ"

"ဟုတ်လား....." Liang Jing က ဘယ်လိုမှ မတတ်နိုင်ဘဲ အားထုတ်ပြီး ပြောရတော့သည်။ "ကျွန်တော် အံ့သြစရာလေးတစ်ခု ပြချင်လို့ပါ"

"မပူပါနဲ့... သတ်မှတ်ရက်ရောက်ဖို့ သုံးရက် ကျန်ပါသေးတယ်... ခင်ဗျား ကျွန်တော့်ဆီ လာမပို့ရင်တောင် ကျွန်တော် ခင်ဗျားဆီ လာယူမှာပါ"

"ပြန်ပြီး နားလိုက်တော့" Liang Jing က ဖုန်းချကာ Li Shang ကို ပြောလိုက်သည်။

"မ...မတွေ့ရတော့ဘူးလား"

"နောက်ရက်ကျတော့ တွေ့ရလိမ့်မယ်"

++++++++++++++++++

အဲဒါက Han Dong အလုပ်ကြမ်းသမားအဖြစ် လုပ်ဖူးတဲ့ ပထမဆုံးနေ့ဖြစ်သည်။ အလုပ်အများကြီးမရှိသော်လည်း အလုပ်အမျိုးမျိုးဖြစ်ပြီး သူနေရာအနှံ့ လျှောက်သွားနေရ၏။ နေ့တစ်ဝက်လောက်ပဲ ရှိသေးတယ်... သူက သေမတတ် ပင်ပန်းနေပြီ ဖြစ်သည်။ တဖြည်းဖြည်းနဲ့ နောက်ဆုံးတော့ နေ့လည်စာစားချိန် ရောက်လာခဲ့ပြီး Han Dong က မြေကြီးပေါ်မှာထိုင်ကာ သူ့ထမင်းဘူးလေးကို စပြီး စားတော့သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now