အခန်း (၁၀) - ၁၀ရက်အတွင်း

3.7K 397 26
                                    

၁၂နာရီထိုးတော့ Wang Zhong Ding ရဲ့ လက်ထောက် Feng Jun က ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။ ခံ့ခံ့ညားညားရုပ်မျိုးဖြင့် စာရွက် စာတမ်းများကိုကိုင်ကာ လမ်းလျှောက်လာခဲ့၏။ Wang Zhong Ding ရဲ့ ရုံးခန်းကနေ မီတာနှစ်ဆယ်လောက်ဝေးတော့ သူ့မျက်လုံးတွေက လုံးဝ အေးခဲသွားခဲ့သည်။

သန့်ရှင်းရေး အမျိုးသမီးအသစ်တစ်ယောက်က တံခါးနားက ကြမ်းပြင်မှာ ကြမ်းတိုက်နေခဲ့၏။ Wang Zhong Ding က အရမ်းအသန့် ကြိုက်တယ်လို့ ကြားထားခဲ့တော့ ပစ်စလတ်ခတ်မလုပ်ရဲဘဲ အလုပ်ချိန်ကို စောစောဝင်ပြီး တစ်နေရာတည်းကို အပြန်ပြန်အလှန်လှန် သန့်ရှင်းရေး လုပ်နေခဲ့သည်။

Feng Jun ကြည့်နေတာကိုသိတော့ သူမက ယဉ်ယဉ်ကျေးကျေး ပြုံးကာ "မန်နေဂျာ Feng" လို့ နှုတ်ဆက်လိုက်သည်။

"ခင်ဗျား မနက်ဖြန် လာစရာမလိုတော့ဘူး"
Feng Jun က ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ" သန့်ရှင်းရေး အမျိုးသမီးက တောင့်တင်းသွားခဲ့သည်။

"အခုလောလောဆယ်က နေ့လည်စာ စားချိန်လေ... ဘယ်သူမှ ခင်ဗျားကို သတိမပေးဘူးလား... မစ္စတာ Wang တရေးတမောအိပ်တဲ့အချိန်ဆို ဘာသံမှထွက်လို့မရဘူး"

သန့်ရှင်းရေးအမျိုးသမီးက စိတ်ပူစွာနဲ့ ဆင်ခြေပေးလိုက်သည်။

"ကျွန်မအလုပ်ချိန်ကို ၁၀မိနစ်လေးပဲစောပြီး ၀င်တာပါ"

"မစ္စတာ Wang ရဲ့ နားချိန်စုစုပေါင်းကို စက္ကန့်နဲ့တွက်တယ်"

"ဒါပေမဲ့ ကျွန်မသူ့ကိုမနှောင့်ယှက်ပါဘူး... အပြင်မှာပဲ သန့်ရှင်းရေး လုပ်နေတာ... ပြီးတော့ ကျွန်မလှုပ်ရှားမှုတွေက အရမ်းညင်သာတယ်"

"ရုံးခန်းက ဘယ်ဘက်ကို ၁၇မီတာ... ညာဘက်ကို ၁၄မီတာ... အဲဒါက မစ္စတာ Wang ကြားနိုင်တဲ့ အ၀န်းအ၀ိုင်းပဲ... ခင်ဗျား ခြေလှမ်းဘယ်နှလှမ်း လှမ်းတယ်ဆိုတာ သူအကုန်လုံး ရေထားနိုင်တယ်" Feng Jun က အေးစက်စက်နဲ့ ပြန်ပြောလိုက်သည်။

သန့်ရှင်းရေးအမျိုးသမီးက ရှက်ပြီး ဒေါသပုန်ထသွားခဲ့သည်။

"အဲဒါက ရွှေလောက်အဖိုးတန်နေလို့လား... ပိုက်ဆံရှိတာနဲ့ အဲဒီလောက် ကြီးကျယ်မြင့်မြတ်နေပြီထင်နေလား... ရတယ်...သွားမယ်... တစ်လကို ယွမ်တစ်သောင်းပေးရင်တောင် ဒါမှမဟုတ် ယွမ်တစ်သိန်းပေးရင်တောင်မှ လာမလုပ်တော့ဘူး"

Feng Mang (မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang