အခန်း (၂၁) - နောင်တရခြင်း

3.5K 420 67
                                    

အဲဒီညမှာ Ye Chenglin က ဆေးရုံကို အမြန်ပြေးရတော့သည်။

Han Dong က ဆေးရုံအိပ်ရာပေါ်မှာ မဂ္ဂဇင်းတစ်ခုကိုကိုင်ကာ လှဲနေရင်း တဆတ်ဆတ်တုန်ပြီး သူ့ကိုယ်သူပြောနေမိသည်။

"မျက်နှာသွင်ပြင်လက္ခဏာတွေအရ သူက ယောက်ျားလေးချင်း ကြိုက်လိမ့်မယ်လို့ ဘယ်လိုမှမထင်မိဘူး...
ငါနဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါ့မှာ တစ်ခုခု ပြဿနာရှိနေတာများလား"

Han Dong က တဆတ်ဆတ်တုန်နေတဲ့လက်နဲ့ မှန်လေးတစ်ခုကို ကောက်ကိုင်ကာ သူ့မျက်နှာကို ကြည့်လိုက်သည်။

"ကျွတ်... ငါက ဒီလောက်ယောက်ျားပီသတာကို... ဘယ်လိုဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယ၀င်မိရတာလဲ..."

"ဘာဖြစ်လို့လဲ" Ye Chenglin က ထိတ်လန့်သွားမိသည်။

"ဒီနေ့ ကျွန်တော် တကယ်ကံမကောင်းဘူးဗျာ" Han Dong က မဂ္ဂဇင်းကို အမြန်ဖွက်လိုက်ပြီး Ye Chenglin လက်ကိုဖမ်းဆွဲကာ ငိုတော့သည်။

"ဘာတွေဖြစ်နေတာလဲ" Ye Chenglin စိတ်ပူစွာ မေးလိုက်မိ၏။

"ကျွန်တော် မီတာသုံးဆယ်ကျော်တဲ့ ရေတွင်းထဲကို ပြုတ်ကျခဲ့တယ်... သဘောကောင်းတဲ့ ရဲတွေအကူအညီပေးလို့ ကျွန်တော်ပြန်တက်လာနိုင်ခဲ့တာဗျာ"
Han Dong က အတိုချုံးပြောပြလိုက်သည်။

"အကုန်လုံး အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ရေတွင်းထဲ ပြုတ်ကျရတာလဲ... မင်းက မျက်လုံးမမြင်လို့လား... ရေတွင်းအ၀က အကျယ်ကြီးကို ဘယ်လိုဖြစ်ပြီး မမြင်ရတာလဲ"

ဒီနှစ်ထဲမှာ မျက်စိမမြင်ရမှာကို မကြောက်ဘူး...အမြင်လွန်နေတာကို ကြောက်နေတာ... မြင်သာမမြင်ခဲ့ရရင် ရေတွင်းထဲတောင် ပြုတ်မကျဘူး

Han Dong ရင်ထဲကနေ ကြုံးအော်လိုက်မိသည်။

"အေးပါ...အေးပါကွာ...လှဲသာနေပါ"
Ye Chenglin က သူ့ကို ပြန်အိပ်ခိုင်း လိုက်သည်။

"အစ်ကို... ကျွန်တော် ပြန်ပြီး ၀ဋ်လည်တာများလားဟင်" Han Dong က အကြောင်းရင်းမရှိဘဲ ရေရွတ်လိုက်သည်။

"၀ဋ်လည်တယ်ဟုတ်လား.... မင်းက ဘာမကောင်းတာ လုပ်ခဲ့လို့လဲ"

"ဟာ... လွန်ခဲ့တဲ့ ၉နှစ်က ကျွန်တော် လူငယ်လေးတစ်ယောက်ရဲ့ ဘ၀ကို ဖျက်ဆီးခဲ့မိတယ်" Han Dong က အတိတ်ကို ပြန်သတိမရချင်လောက်အောင် ဖြစ်နေခဲ့သည်။

Feng Mang (မြန်မာဘာသာပြန်)Où les histoires vivent. Découvrez maintenant