အခန်း (၆) - အဲဒါကအရေးကြီးတာပေါ့

4.2K 425 17
                                    

Han Dong က Li Shang ကို သူ့ရဲ့ယာယီနေရာကိုခေါ်သွားခဲ့သည်။ သူတို့ လမ်းလျှောက်ရင်းနဲ့ စကားပြောသွားကြ၏။

"ခင်ဗျားဘယ်ထဲမှာ သရုပ်ဆောင်ဖူးလဲ" Li Shang က မေးလိုက်သည်။

"ငါသရုပ်ဆောင်ဖူးတာက... အများကြီးပဲ... အနောက်အရပ်သို့ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းကို ပြန်ရိုက်တဲ့ကားမှာ ငါအရေးကြီးတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ခဲ့တယ်" လို့ Han Dong က ပြောလိုက်သည်။

Li Shang က စိတ်ဝင်စားသွားပြီးတော့ "ဘယ်လိုအရေးကြီးတဲ့ ဇာတ်ကောင်လဲ" လို့မေးလိုက်သည်။

"မှန်းကြည့်လေ" Han Dong က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

Li Shang က ဇာတ်လမ်းကိုကြည့်ဖူးပေမယ့် နွားခေါင်းတွေနဲ့ မြင်းမျက်နှာတွေ အများကြီးပါပြီးတော့ လူနည်းနည်းပဲပါတော့ မှန်းရတာ တော်တော်ခက်နေလေသည်။

"အရေးကြီးတဲ့ဇာတ်ကောင်.... စွန်းဝူခုံးတော့ မဟုတ်နိုင်တာ ကျိန်းသေတယ်" သူမနေနိုင်ဘဲ တိုးတိုးရေရွတ်လိုက်မိသည်။

"စွန်းဝူခုံးတော့မဟုတ်ပေမယ့် စွန်းဝူခုံးနဲ့ နီးစပ်တယ်"

Li Shang က အံ့သြသွားကာ...

"နားရွက်၆ခုပါတဲ့ မြောက်ဖင်နီတော့မဟုတ်ဘူး မဟုတ်လား"

"ငါက အဲဒီလို မျိုးစိတ်တူတာကို ပြောတာမဟုတ်ဘူး... ဇာတ်ပြိုင်ကို ပြောနေတာ"

"ဇာတ်ပြိုင်လည်းရှိတယ်လား" Li Shang က Han Dong ကို အားကျသလို လှမ်းကြည့်လိုက်ကာ...

"စွန်းဝူခုံးဇာတ်ကောင်က နာမည်ကြီးဇာတ်ဆောင်မင်းသား သရုပ်ဆောင်တာ... ခင်ဗျားက ဇာတ်ဆောင်မင်းသားနဲ့တောင် ရင်ဆိုင်ရတယ်ဟုတ်လား... အရှေ့တရုတ်နဂါးနန်းတော်က တတိယမြောက်မင်းသားလား"

"ဆက်မှန်းဦး" Han Dong က ခေါင်းခါ၍ပြောလိုက်သည်။

"နွားရိုင်းမိစ္ဆာဘုရင်လား...အနောက်အရပ်သတ္တုသခင်ကြီးလား... Taishang Laojunလား... ဘုရားသခင်လား... Erlang Shang လား... မကောင်းဆိုးဝါးကြီးလား..."

နောက်ဆုံးတော့ သံမင်းသမီးပါ ပြောပြီးတာတောင် Han Dong က ခေါင်းခါတုန်းပဲ ရှိသေးသည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now