အခန်း (၁၃) - အလကားလူ

3.4K 370 22
                                    

ဒီတစ်ခါလည်း သူပဲလား...

ဘေးနားကလူတွေက တကယ်ကို မမျှတလောက်အောင် ကံကောင်းတတ်တဲ့
Han Dong ကို ကြည့်ပြီးတော့ သက်ပြင်းချလိုက်ကြသည်။

Li Shang လည်း သိပ်တော့နောင်တမရပေ။ သူရောက်တာလည်း သိပ်ကြာသေးတာမှ မဟုတ်ပဲ။ သူ့စိတ်ထဲမှာ ဘာမှသိပ်အများကြီး မျှော်လင့်ထားတာမျိုးမဟုတ်။

မမျှော်လင့်စွာပဲ Han Dong က Li Shang ပုခုံးကိုဆွဲပြီးတော့ ဇာတ်လမ်းအဖွဲ့ ခေါင်းဆောင်ကို အကြံပေးလိုက်သည်။

"ဒါက ကျွန်တော့်ညီလေး ... သရုပ်ဆောင်ပညာနဲ့ ဘွဲ့ရထားတာပါ... သူ့အခြေအနေက ကျွန်တော့်ထက်အများကြီးပိုကောင်းတယ်... သူ့ကို ရွေးလိုက်ပါလား"

ရုပ်ရှင်အဖွဲ့ခေါင်းဆောင်က Li Shang ကို ကြည့်လိုက်သည်။ Han Dong ခန္ဓာကိုယ်နဲ့ယှဉ်လိုက်ရင် သိပ်ပြီးတော့ မကွာဘဲ အားလုံးခြုံငုံယှဉ်ကြည့်လိုက်လျှင် သူ့ရုပ်ရည်က ပိုဖြောင့်မတ်ပြီး သဘောကျစရာကောင်း၏။ Han Dong အဲဒီလိုပြောတာကို ကြားလိုက်ရတော့ ရုပ်ရှင်အဖွဲ့ ခေါင်းဆောင်က နည်းနည်းတွေဝေသွားခဲ့သည်။

"သူ့ကိုပေးလိုက်ချင်တာ သေချာရဲ့လား... မင်းကိုထပ်ပြီး သတိပေး လိုက်မယ်... ဒီအခွင့်အရေးက အရမ်းရှားတာနော်"

Li Shang က စကားပြောမလို့ လုပ်တဲ့အချိန်မှာပဲ Han Dong က အရင် ပြောလိုက်သည်။

"သူ့ကိုပဲရွေးလိုက်... ကျွန်တော်ပြောတာ နားထောင်ပါ"

ရုပ်ရှင်အဖွဲ့ခေါင်းဆောင်က ဘာမှထပ်မပြောတာ့ဘဲ အကုန်လုံးကို လက်ဝှေ့ယမ်း၍သွားခိုင်းလိုက်ပြီး Li Shang ကို အထဲခေါ်သွားခဲ့သည်။ တံခါးကိုရောက်တဲ့အချိန်မှာ Li Shang က
Han Dong ကို လှည့်ကြည့်လိုက်ပြီး ရင်ထဲမှာ ပြောမပြနိုင်တဲ့ ခံစားချက်တစ်ခု ရှိနေခဲ့သည်။

တံခါးပိတ်တာတောင် မကြာသေး... Han Dong က ခုနတုန်းက သူမျက်လုံးနဲ့ အမဲဖျက်နေခဲ့တဲ့ မိန်းမလှလေးဆီ ရောက်သွားခဲ့ပြီး သူမကို လမ်းသရဲလေသံနဲ့ နှုတ်ဆက်လိုက်သည်။

"ကောင်မလေး... ကိုယ်တို့ ထပ်တွေ့ပြန်ပြီနော်"

"ကျွန်မ ရှင့်ကိုသိလို့လား" ကောင်မလေးက
Han Dong ကို ကြည့်လိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now