1

14.3K 939 26
                                    

[ Zawgyi ]

ရိုးရိုး​လေးပဲ​တွေးပြီး ကျ​နော့်​အချစ်​ကိုခံယူကြည့်​ပါ့လား~

~~~~~~~~~~~~~~~

"ဒီမှာ.....ကျ​နော်​ ခဗျားကြီးကိုချစ်​တယ်​လို့!"

Baekhyunဧ။်​ ဖွင့်​ဟစကားမှာ ထိုလူကြီးက​တော့ ထုံးဆံအတိုင်း ​ကော်​ဖီ​သောက်​မပျက်​!

"​မောလိုက်​တာ...."

ရှေ့က​ကော်​ဖီခွက်​ကိုတစ်​ငုံငုံလိုက်​​မိ​တော့ ခါးသက်​သက်​အရသာက လျှာဖျားကိုလာထိကပ်​လို့.....
မုန်းလိုက်​တာ.....

"​ကော်​ဖီကတအားခါးတာပဲဗျာ
အဲ့တာကို ဘာလို့ကြိုက်​တာလဲ?
မုန်းစရာကြီး!"

"Byun Baekhyun....
မင်းသိပ်​စကားများတာပဲ!
ခါးတာမကြိုက်​ရင်​ချိုတာ ​သောက်​​လေ...
ဘယ်​သူမှအတင်း မင်းကိုတိုက်​​နေတာမဟုတ်​ဘူး!"

ခပ်​ပျက်​ပျက်​သူဆိုလာပြီး​နောက်​ သူ့အာရုံကလက်​ထဲကဖုန်းမျက်​နှာပြင်​ထက်​​ရောက်​သွားပြန်​သည်​။

အော်​ခံလိုက်​ရတဲ့အရှိန်​နဲ့မို့ လူကအနည်းငယ်​​တော့ ​နေရခက်​သွားမိသည်​။

"ခဗျားကြီးကလည်းဗျာ....
ကျ​နော်​က ခဗျားကြီးကြိုက်​တတ်​တာ​လေး​ အကျင့်​ရ​အောင်​လိုက်​​သောက်​တာကို....
ကျင့်​သားမရ​သေး​တော့...​ပြောမိတာ​ပေါ့....
အဲ့တာကိုမ​အော်​ပါနဲ့...."

ခေါင်းငုံ့ကာ ပြို​တော့မဲ့မိုးသဏ္ဍာန်​​ပြောလိုက်​​တော့
သူ့ထံမှသက်​ပြင်းချသံသဲ့သဲ့.....

သူ့သက်​ပြင်းချသံ​ကြောင့်​ ကျ​နော် ​သူ့အားအလျင်​အမြန်​​မော့ကြည့်​လိုက်​ကာ.....

"ဟင့်​အင်း... စိတ်​...စိတ်​မပျက်​လိုက်​နဲ့​နော်​...
ကျ​နော်​...ကျ​နော်​က... ဒီအတိုင်း...ပါးစပ်​က...."

ရှေ့သွား​နောက်​လိုက်​မညီတဲ့စကား​တွေ ကျ​​နော့်​ပါးစပ်​ကထွက်​လာလို့မဆုံး​သေးခင်​ သူ့စီကခပ်​စိမ်းစိမ်းအကြည့်​တစ်​ချက်​ရလိုက်​သည်​မို့....
စကားတို့က​အော်​တိုရပ်​သွားရသည်​။

"​​တော်​​တော့! မင်း​ကျောင်းသွားရဦးမယ်​မဟုတ်​လား? သွား​တော့! အလကား.... လာပြီးအချိန်​ကုန်​ခံ​နေတယ်​"

NonchalanceOnde histórias criam vida. Descubra agora