Part 1

32.5K 1.5K 22
                                    

Baek pov

ကျွန်တော်နဲ့ သူရဲ့တွေ့ဆုံမှုဟာ ကဗျာမဆန်ခဲ့ဘူး....

ဒီနေ့ ကျွန်တော် အချိန်ပိုင်းလုပ်နေတဲ့ ကော်ဖီဆိုင်လေးမှာ ကျွန်တော် cup cake လေးဖုတ်နေခဲ့တယ်..

'Baek အဲ့တာထားခဲ့လိုက်တော့ အထူးအော်ဒါရောက်လာတယ် ညနေ 6 နာရီ အပီးလုပ်ပေးရမှာ propose cake နဲ့တူတယ် ဒါလေး cake ထဲ ထည့်ပေးရမှာ အထူးနော်...'

Manager Xiumin က ကျွန်တော့် လက်ထဲကို iphone X လေးထည့်ပေးပီးပြောတယ် ကျွန်တော်လည်း cup cake လေးတွေ လက်စသပ် ပီး သူတို့ပြောတဲ့ propose cake ဆိုတာကြီးကိုလုပ်ဖို့ ပြင်ဆင်လိုက်တယ်...

သူများအတွဲတွေများ roလိုက်တာနော် ကျွန်တော်လည်း ဘဝမှာ တစ်ခါလောက်တော့ ဒီလို romantic ဆန်ဆန်လေး propose လုပ်ခံချင်လိုက်တာ..

" hak 😏"

ကျွန်တော်ကလည်းရူးပနော် တကယ်ဆို ကျွန်တော်က ကျွန်တော်ယူမယ့် ကောင်မလေးကို လုပ်ပေးရမှာလေ အာ့တာကို ရူးကြောင်ကြောင်နဲ့..
Hak ကိုယ့်အတွေးကို သဘောကျလို့ ပြုံးမိတယ်..

ပျော်ပါတယ် ကိုယ်ကျွမ်းကျင်တဲ့ အလုပ်နဲ့ သူများကိုပျော်အောင်လုပ်ပေးရတာ ကျွန်တော်ရဲ့ special လက်ရာကိုပြပေးရမှာပေါ့.....

ချောကလက်ကိတ် လေးထောင့်လေး အထဲမှာ iphone X လေးထည့်ထားပီး အပေါ်မှာ ခရင်နှင်းဆီပွင့်လေးတွေ အလှဆင်လိုက်တယ်.
Happy Birthday Rosy လို့ cake အပေါ်မှာ ရေးပီးတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ဖန်တီးမှုပြီးသွားပီ... လှလိုက်တာ ကိုယ့်ဖန်တီးမှုကို ကိုယ်ဘာသာသဘောကျပီး ပြုံးနေမိတယ်...

'Baek ပြီးပီးလား vip room 4 ကိုသွားပို့ပေးနော် အဲ့လူက တစ်ဆိုင်လုံး ငှါးထားတာဆိုတော့ ဝိတ်တာတွေကို ပြန်လွှတ်ပီ'

" ဟုတ်ကဲ့ hyung ကျွန်တော်သွားပို့လိုက်မယ် "

သြော် သူများတွေများ ကံကောင်းလိုက်တာနော် မွေးနေ့မှာ တစ်ဆိုင်လုံးငှါးပီး propose လုပ်ခံရတယ်လို့....

ကျွန်တော် ကိတ်မုန့်လေးကို သယ်ပီး အခန်းရှေ့အရောက်

'လမ်းခွဲရအောင် Chanyeol '

" ဘာကြောင့်လဲ Rosy အကြောင်းပြချက်ပြော "

'နင်မှ ငါ့ကိုတကယ်မချစ်တာ နင့်အလုပ်လောက် ငါကအရေးမှ မကြီးတာ ကြာတော့ ငါစိတ်ကုန်လာပီ '

Official [Completed] (Zawgyi + Unicode)Where stories live. Discover now