Part 28

12.9K 1.1K 40
                                    


ဟာတာတာနဲ့ နိုးလာခဲ့ပေမယ့် အခန်းအတွင်းမှာ မှောင်မဲနေတော့ မနက်မိုးသောက် မရောက်သေးဘူးထင်တယ်။

ဘယ်အချိန်ရှိပီလဲ သိချင်၍ ထားနေကျ အိပ်ယာဘေးနား စားပွဲပေါ်ကဖုန်းကို လှမ်းယူနေသော်လည်း ခါးနားတစ်ဝိုက်မှာ တင်းကျပ်နေသည်မို့ ထင်သလို ယူ၍မရ။

ဘာဖြစ်လဲလို့ ခါးနားတဝိုက်ကို စမ်းကြည့်လေတော့ လက်တစ်စုံက တင်းတင်းကျပ်ကျပ် ဖက်ထားတာဖြစ်သည်။
ဗိုက်အရမ်းဆာနေပီဖြစ်သော်ငြား ညကဘာဖြစ်ခဲ့လည်း recallပြန်ခေါ်ရသေးသည်။

ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ပြန်ပေါ်လာပီမို့ ခါးပေါ်ကတင်းကျပ်နေသည်ကလည်း Chanyeolဖက်ထားသည်ပဲ ဖြစ်မည်။

အရမ်းငိုပီးလျှင် အိပ်ပျော်သွားတတ်သော အကျင့်အရ အိပ်ယာပေါ်ကိုလည်း Chanyeolပဲ တင်ပေးတာဖြစ်မည်။

အနေဝေးနေခဲ့တာ ကြာပီမို့ ခုလိုအခြေအနေကြီးက အကျပ်ရိုက်စရာကောင်းနေသည်က အမှန်။

ဒါပေမယ့် ဗိုက်အရမ်းဆာနေသည်က မျက်နှာပူနေမှုကို ဖုံးသွားသည်။

ခါးပေါ်က တင်းကျပ်နေသည့် လက်တွေကို ခက်ခက်ခဲခဲ ဖယ်လိုက်ရသည်။

စမ်းတဝါးဝါးနဲ့ စားပွဲပေါ်က ဖုန်းကိုယူပီး နာရီကြည့်မိတော့ 2:45AM ။

အိပ်ကောင်းသည့်အချိန်ကြီးမှာ ဗိုက်ဆာသည့်အဖြစ်က ကောင်းသည်တော့မဟုတ်။

သို့သော်လည်း ဗိုက်အရမ်းဆာနေပီမို့ ခုတင်ပေါ်ကဆင်းခဲ့သည်။

Chanyeol နိုးသွားမည်စိုး၍ အခန်းမီးဖွင့်မနေတော့ပဲ အမှောင်ထဲ စမ်းတဝါးဝါးကို ဖုန်းအလင်းရောင်နဲ့သာ ထွက်ခဲ့ရသည်။

ဖုန်းက Flash မီးတောင်မဖွင့်ပဲ စမ်းတဝါးဝါးသွားနေရသည့် အဖြစ်ကြောင့် ဘာနဲ့တိုက်မိမှန်းမသိပေမယ့် ခြေချောင်းလေးတော့ တော်တော်နာသွားရသည်။

အိပ်ခန်းအပြင်ဘက်ရောက်မှသာ ဧည့်ခန်းမီးဖွင့်ပီး နာနေသည့်ခြေထောက်ကို ကြည့်ရသေးသည်။

ဒီအချိန်အရ ဗိုက်ဆာနေလည်း အိမ်မှာရှိသည့် ခေါက်ဆွဲထုတ်သာ ပြုတ်ပီး စားရမည့်အခြေအနေ။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now