Part 7

12.8K 1.2K 18
                                    

Baek pov

သူနဲ့ပတ်သတ်ရင် ကျွန်တော်ဟာအရာရာကို အရှုံးပေးပီးသား......

သူ့ရဲ့ အနမ်းတစ်ချက်နဲ့ ကျွန်တော်ဟာ လောကကြီးကို မေ့သွားသလို သူ့အပေါ် စိတ်တိုနေတာတွေဟာ မြူတစ်မှုန်မျှပင်မရှိတော့.....

ပိုချစ်တဲ့သူက ပိုအလျှော့ပေးရမြဲပဲ ချစ်ရသူကသူ့ဝန်ထမ်းတွေရှေ့ ကျွန်တော်နဲ့ပတ်သက်တာကို မသိစေချင်ဘူးထင်ပ...
အဲဒါကြောင့် ကျွန်တော်လည်း လူရှေ့သူရှေ့ ရောက်ရင် မိတ်ဆွေ ပုံစံသာနေပေးလိုက်တယ်..
ကျွန်တော့်ချစ်ရသူ စိတ်ချမ်းသာဖို့သာ အဓိကပင်... သဘာဝကို လွန်ဆန်နေသည့် ကျွန်တော်တို့ ပတ်သက်မှုကို ရှက်လေသလား...
သူနဲ့ အဆင့်အတန်းချင်းကွာသည့် ကျွန်တော့်ကို လူတွေရှေ့ထုတ်ပြရမှာ ရှက်လေသလား....
ကျွန်တော့်ကို တကယ်မချစ်လေသလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိလေ့မယ်......
ကျွန်တော်ကတော့ သူ့ကိုအရမ်းချစ်တယ် ကျွန်တော့်အနားမှာ သူရှိနေရင် ပြည့်စုံတယ်...
အဲ့အတွက်ကြောင့် သူဖြစ်ချင်တဲ့အရာတွေကို သူ့နှုတ်ကထုတ်ပြောစရာမလိုပဲ ကျွန်တော်ဖြည့်ပေးမယ်....
သူနဲ့ ပတ်သတ်ရင် အရာရာကို အလျှော့ပေးဖို့ဆုံးဖြတ်ထားပီးသား.......
..........................................

ပင်လယ်ရောက်တာ နှစ်ရက်လောက်ရှိနေပီ ဖြစ်ပေမယ့် ခုထိ ပင်လယ်ထဲ မဆင်းဖြစ်သေး.....ခုတော့ ကမ်းခြေဘက် တစ်ယောက်တည်း လမ်းလျှောက်ရင်း ဟိုတွေးဒီတွေးနဲ့.....
သူ့အနားလည်းကပ်လို့မရ jongin တို့အတွဲနားလည်းမနေချင်.....
ကမ်းခြေရောက်ပီး ပျင်းနေတာကျွန်တော်တစ်ယောက်ပဲ ရှိမယ်ထင်တယ်........
လမ်းလျှောက်လာရင်း ထိုင်ခုံလေးတွေ့တော့ အညောင်းပြေဝင်ထိုင်ရင်း ပင်လယ်မှာပျော်မြူးနေတဲ့ သူတွေကို အကြောင်းမဲ့ထိုင်ငေးနေမိတယ်.....

'Baek ငါတို့လိုက်ရှာနေတာ မင်းကဒီရောက်နေတာကိုး '

"Aww jongin..... kyungsoo မပါဘူးလား''

'မပါဘူး သူ့ရုံးကလူတွေနဲ့ အဖွဲ့ကျနေတယ် '

စူပုပ်ပုပ် အသံနဲ့ jongin အပြောကို သဘောကျလို့ ရယ်မိတယ်..
"Ha ha jongin တို့လည်းနော် kyungsoo အနားမရှိမှပဲ ကိုယ့်သူငယ်ချင်းနားလာတော့တယ် ''
'ဟီး မဟုတ်ပါဘူးကွာ မင်းကလည်း...'

Official [Completed] (Zawgyi + Unicode)Where stories live. Discover now