Part 23

12.5K 1.1K 46
                                    


'အပူပေးရမလား အအေးပေးရမလား?'

"ဟုတ်.... ကျတော့်ကို ရေတစ်ခွက်ပဲ ပေးပါ''

ခုရောက်နေတာ Jonginရဲ့ သင်တန်း။ ပြန်ရောက်တည်းက Jonginတို့ဆီ ဆက်သွယ်မယ်စိတ်ကူးထားပေမယ့် ခုကိုယ်လိုအပ်မှသာ ဆက်သွယ်မိသည့် အဖြစ်။

ကိုယ်မကောင်းဘူးနော်။
နှစ်ရှည်လများတွဲလာသည့် သူငယ်ချင်းကို လိုအပ်မှဆက်သွယ်မိသည့်အဖြစ်။ ဒါပေမယ့်လည်း Baekhyunသိချင်သည့် အကြောင်းအရာကို Jonginနဲ့ Kyungsooဆီကသာ အနီးစပ်ဆုံးသိနိုင်မည်ပင်။

Jonginက သူဝါသနာပါသည့် အကသင်တန်းတစ်ခုဖွင့်ထားပီး Kyungsooက ခရီးသွားသည်မို့ လေယာဉ်ကွင်းသွားကြိုသည်။

ညက Kyungsoo ဖုန်းဆက်တာမရ၍ Jonginဆီဖုန်းဆက်တော့ သူ့သင်တန်းနေရာပြောပီး အဲ့မှာ စောင့်နေ Kyungsooကို ကြိုပီးလာခဲ့မယ်ဆို၍ Baekhyunအစောကြီးရောက်နေခြင်း။

ဖုန်းထဲမှာ မေးလို့မကောင်းသည်ကတစ်ကြောင်း Jonginတို့ကို တွေ့ချင်တာက တစ်ကြောင်းမို့ ဆိုင်ကို ဝန်ထမ်းတွေဆီ သေချာအပ်ခဲ့ကာ Jonginတို့နဲ့ တစ်နေ့လုံးအချိန်ဖြုန်းဖို့ Baekhyunစဉ်းစားထားသည်။

Jonginဝန်ထမ်းတစ်ယောက် လာချပေးသော ရေကို တစ်ငုံသောက်လိုက်ရင်း မနေ့က သူနဲ့တွေ့ဖြစ်တာကို ပြန်တွေးမိသည်။

ကြောင်အနေတဲ့ အခြေအနေတစ်ခုမှာ နှစ်ယောက်လုံး ပြောစရာစကားရှာမရခဲ့။

သူ့လက်ထဲက ကလေးလေးကအရမ်းငိုနေသလို GuGuကလည်း ပြန်ချင်လို့် ဂျီကျနေတာကြောင့် Baekhyunပြန်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

သူလည်း ကလေးလေးမငိုအောင်ချော့ရတာနဲ့တင် ပျာယာခတ်နေသည့်မို့ Baekhyunကိုလည်း ဂရုမစိုက်အား။

ပြန်တော့မယ်လို့ နုတ်ဆက်ပီး လှည့်အထွက်မှ Baekhyun လက်ကို ဆွဲလာသည့်သူ။

Baekhyunရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို တောင်းပေမယ့် မပြောဖြစ်ခဲ့။ အဲ့တော့ သူ့ဘောင်းဘီအိတ်ကပ်ထဲက လိပ်စာကဒ်လေးထုတ်ပေးကာ သူ့အရင်ဖုန်းနံပါတ်ပျောက်သွားကြောင်း ဖြစ်နိုင်ရင် ဒီနေ့အတွင်းဆက်သွယ်ပေးပါ အခုကလေးကအရမ်းငိုနေတာမို့ သူ့ကိုနားလည်ပေးပါ တောင်းပန်ပါတယ် ဆက်သွယ်ဖြစ်အောင်ဆက်သွယ်ပေးပါဟု အတန်တန် မှာနေသည်။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now