Part 16

11.2K 1K 24
                                    


Baek pov

📲📲📲

"Hello ဒေါ်လေးပြော... ''

'Baek ရေ အလုပ်များနေလား'

"မများပါဘူး ဒေါ်လေးရဲ့ tea time နားနေတာ''

'သြော်... Baek ရေမင်းညီမလေး ညနေ Seoul ကိုလာလိမ့်မယ် အဲတာသွားကြိုပေးအုံး.. တက္ကသိုလ်တတ်ဖို့ လာစုံစမ်းတာဆိုတော့ Baek ကူညီပေးအုံးနော်.. Baek ဆီမှာတည်းမှာဆိုတော် ဂရုစိုက်ပေးအုံး'

"ဟုတ်ကဲ့.. စိတ်ချပါဒေါ်လေး ကျနော်အကုန်လိုက်လုပ်ပေးလိုက်မယ် စိတ်ပူမနေနဲ့နော် ဒေါ်လေး''

အချိန်တွေကုန်တာများ မြန်လွန်းတယ်။ Bucheonမှာနေတဲ့ ကျနော့် ဝမ်းကွဲညီမလေး Mi Yong တောင်မှ တက္ကသိုလ်တတ်တော့မှာပါလား။

ဒီနေ့ဆိုင်လေးက မိုးအေးအေးလေးနဲ့မို့ လူတော်တော်များနေသည်။ သီချင်းအေးအေး မိုးအေးအေးနဲ့ ကော်ဖီပူပူ ကိတ်ချိုချိုဟာ လွန်စွာလိုက်ဖက်လွန်းသည်။

Tea time ချိန်ပီးထဲက မီးဖိုခန်းကမထွက်ရသေး ချယ်ရီကိတ်ကုန်သွားပီဆိုတော့ ချယ်ရီကိတ်ဖုတ်ဖို့ပြင်ရင်း ချယ်ရီကိတ်ကြိုက်လွန်းတဲ့သူ့ကိုသတိရမိသေးသည်။

တီ ~~ကနဲအသံထွက်လာပီးနောက် ovenထဲက ကိတ်ကိုထုတ်ပီး အချိုးကျကျရောစပ်ထားတဲ့ ချယ်ရီခရင်တွေ သုပ်ပီး ချယ်ရီသီးလေးတွေနဲ့ အလှဆင်ပီးတော့ ကိတ်လေးဟာ မွေးပျံ့ပီး စားချင်စဖွယ်အတိ။

ဗန်းလေးထဲထည့်ပေးပီး ကောင်လေးတွေ ရှေ့မှာခင်းဖို့ ကိတ်မုန့်ဗန်းလေးသယ်သွားသည်။ ခါးကို လက်နဲ့ထောက်ကာ အညောင်းအညာပြေ နှစ်ချက်လောက်လှည့်လိုက်ပီး လက်ကျန်ကော်ဖီကိုသောက်ကာ ဆိုင်ထဲကပျံ့လွှင့်လာတဲ့ သီချင်းသံတိုးတိုးကို လိုက်ညည်းနေမိတယ်။

'Baek ရေဧည့်သည်တစ်ယောက်က Baek ကိုတွေ့ချင်လို့တဲ့'

"ဘယ်သူလဲဟင် Hyung? "

'Customer တစ်ယောက်ပဲ Baek.. နိုင်ငံခြားသားနဲ့တူတယ် Baek ရဲ့ချယ်ရီကိတ်ကိုစားပီး မုန့်လုပ်တဲ့သူကိုတွေ့ချင်လို့တဲ့ ထွက်ခဲ့လိုက်အုံး '

"ဟုတ်ကဲ့ Hyung''

Xiumin Hyung ညွှန်ပြတဲ့နေရာကို ရောက်တော့ သက်လတ်ပိုင်းနိုင်ငံခြားသာတစ်ဦး။
ကျနော်ခေါင်းငြိမ့် အရိုသေပေးတော့

Official [Completed] (Zawgyi + Unicode)Where stories live. Discover now