Part 15

12.8K 939 14
                                    


Baek pov

"Baek ရှေ့တစ်ပတ်ထဲ ပိတ်ရက်ရတယ်မလား..''

"အင်း ရတယ် hyung တရားဝင်ပိတ်ရက်ဆိုတော့ သုံးရက်ရတယ်''

Hyung နဲ့ ကျနော် မတွေ့ဖြစ်တာ ကျနော့မွေးနေ့ ပီးကတည်းက.. ကျနော်ကတော့ ပုံမှန်ဆိုင်ဖွင့်ချိန် ပိတ်ချိန်သာသွားရသည်မို့ အထွေအထူးမရှိပေမယ့် သူကတော့ project ကအရမ်းအရေးကြီးသည်ဟုဆို၍ နေ့ညမအား...

အားတဲ့အချိန်ကို ဖုန်းလေးဆက်လိုက် လွမ်းရင် msg လေးပို့လိုက်နဲ့သာ ဖြေသိမ့်ရသည်...သူကတော့ သူ့အိမ်တောင်မပြန်ဖြစ် ရုံးမှာတင် အိပ်ဖြစ်သည်ကများသည်။..

Jongin တောင် သူ့ Kyungsooနဲ့လည်း မတွေ့ရလို့ လွမ်းနေလို့ hyung ကအလုပ်တအားခိုင်းတာနဲ့ မကျေနပ်တဲ့အကြောင်းဆူပုပ်ပုပ်နဲ့ လာပြောသေးသည်။

ဒီနေ့တော့ မတွေ့တာလည်း တစ်ပတ်လောက်ရှိပြီ ညစာစားရင်းတွေ့ရအောင်လို့ သူဖုန်းဆက်ချိန်းလို့ ညစာစားပီး အပြန် ဟန်မြစ်ဘေးသွားခဲ့တယ်..
ဟန်မြစ်ဘေးရောက်တော့ ည 9:00လောက်ရှိပီ။

မြစ်ဘေးက ခုံတန်းလေးမှာ ကျနော့်ခါးကို ဖက်ထားတဲ့ သူ့လက်ပေါ် ကျနော့်လက်လေးထပ်လို့ ညလေအေးလေးကို ခံစားရင်း အပန်းဖြေနေကြတယ်..

"အာ့ဆို Baek ပိတ်ရက်ကြရင် ကိုယ့်တို့ အပန်းဖြေအိမ်ကို သွားရအောင် နှစ်ညအိပ်လောက်ပေါ့.. ''

"ဟင်..  တကယ်လား...''

မထင်မှတ်ထားတဲ့ အကြောင်းရာတစ်ခုကို ကြားလိုက်ရသည်မို့ သူ့ဘက်လှည့်က အတည်ပြုပြန်မေးတော့ သူကပြုံးပြကာ ကျနော့်နဖူးပြင်ကို ခပ်ဖွဖွအနမ်းပေးရင်း ခေါင်းငြိမ့်ပြတယ်...

"အင်း...အလုပ် ကိစ္စတွေခဏလောက်မေ့ပီး အေးအေးဆေးဆေးအနားယူရအောင်လို့''

ကျနော့်လက်ကို သူ့နှုတ်ခမ်းနားထိကပ်ကာ ခပ်တိုးတိုးစကားဆိုတယ်...

သေချာတယ် ဒီအချိန်မှာ ကျနော်မျက်နှာကြီး သဘောကျလွန်းလို့ ပြုံးနေမယ်ဆိုတာ...

ညကတစ်စတစ်စ သိပ်သည်းလာသလို ကောင်းကင်ယံကကြယ်လေးတွေလည်း တစ်စတစ်စနဲ့ များပြားလာကာ... ကောင်းကင်ယံကို အလှဆင်ကြတယ်....

Official [Completed] (Zawgyi + Unicode)Where stories live. Discover now