Part 12

12K 1K 18
                                    

Baek pov

သူ့အိမ်နဲ့ နှစ်လမ်းလောက်သာခြားသည့် ကိုယ့်အိမ်လေးကို အပြေးတစ်ပိုင်းနဲ့ပြန်လာတာ အိမ်ကိုရောက်လာမှန်းမသိ ရောက်လာခဲ့တယ်...
အိမ်ထဲ ရောက်ရောက်ချင်း မီးဖိုခန်းထဲဝင် ဖန်ခွက်ကြီးကြီးတစ်လုံးထဲ ရေအပြည့်ထည့်ကာ သောက်လိုက်ပေမယ့် မောပန်းမှုက ပြေမသွား....
ဒေါသထွက်တာရော ဝမ်းနည်းတာရော ပင်ပန်းထားတာရောကြောင့် ရင်ဘတ်ထဲက လှိုက်တက်လာတာကာ သက်သာလိုသက်သာငြားအသက်ပြင်းပြင်းရှု ထုတ်လိုက်ပေမယ့် လျော့မသွား...

အားမရှိတဲ့ ခြေလှမ်းတို့ကို အိပ်ခန်းဘက် ဦးတည်လိုက်တယ်...
အိပ်ယာဘေးက စားပွဲပေါ် လက်ထဲက ph နဲ့ ပိုက်ဆံအိတ်ကိုပစ်တင်လိုက်တော့ ph screen ကလင်းလာတာကြောင့် ယူကြည့်မိတော့ missed call တွေ msg တွေ..
အားရပါးရအိပ်မယ်လို့ ကြံရွယ်ထားတာကြောင့် ph ကို silent လုပ်ထားတော့ သူခေါ်နေတဲ့ ph call တွေ msg တွေကို မသိရိုးအမှန်...
အဲ့လိုမသိတာလည်း တစ်ခုတော့ ကောင်းသည် ခုချိန်ဘာမှမပြောချင်တော့.. သူ့အသံလည်းမကြားချင်သည်မှာ အမှန်ပင်...
ထပ်ခေါ်လာတဲ့ ph call ကိုတွေ့တာကြောင့် ဘာမှမစဉ်းစားတော့ပဲ black list ကိုနှိပ်လိုက်တယ်.....

Sorry ကိုကို ကျတော် အရမ်းဒေါသထွက်နေတယ်.........

Ph ကို ခေါင်းအုံးဘေးပစ်လိုက်ကာ ဘာမှမတွေးဘဲ အိပ်စက်ချင်းဆီသို့....
........................................................................
မနက်တစ်ပိုင်းလုံး မနက်စာမစားဘဲအိပ်လိုက်တာကြောင့် ဗိုက်ဆာလာကာ အိပ်ယာကနိုးလာတယ်...
အိမ်မှာလဲဘာမှအထွေအထူးစားစရာမရှိတာကြောင့် ခေါက်ဆွဲတစ်ထုတ် ပြုတ်စားလိုက်တယ်...
ညနေဆိုင်သွားရမှာဆိုတော့ ရေချိုးဖို့ပြင်ရတယ်...

ရေပန်းခလုတ်ဖွင့်လိုက်ပေမယ့် ခုထိရေပန်းအောက်မဝင်ရသေး...
ဘေစင်ဘေးက မျက်နှာသုတ်ပဝါ တင်ထားတဲ့စင်လေးပေါ်က ph ကိုယူကြည့်မိတယ်...
Ph ခေါ်ထားတာတွေ ရှိနေတော့ Ph လက်ခံပီး နားထောင်လိုက်ရမလား

ဟင့်အင်း စိတ်ဆိုးတာ တစ်ရက်မပြည့်သေးဘူး..
သူလာချော့တဲ့ထိစောင့်ပီး ဘာကြောင့်လဲ... အကုန်လုံးရှေ့မှာ သတ္တိရှိရှိ တွဲနိုင်လား ကျနော့်ကို သူ့ရဲ့ချစ်သူနေရာကို သတ်မှတ်ပေးနိုင်လား
အဓိကမေးချင်တာက ကျတော်ကို ချစ်လား....

Official [Completed] (Zawgyi + Unicode)Where stories live. Discover now