Part 26

12.9K 1.1K 71
                                    


ညက မိုးရွာပီးလို့ နောက်တစ်နေ့ နေထွက်လာသည့် နေ့မျိုးတွေဟာ ပူစပ်ပူလောင်နဲ့ နေရခက်လှသည်။

အရင်နေ့တွေထက် ပို၍အပူချိန်များလာသလိုမျိုး။

မဖြစ်မနေသွားရမည်မလို့သာ ထွက်လာရခြင်း။ ကိုယ့်ဆန္ဒနဲ့ ကိုယ်သာဆို ဒီနေ့လိုမျိုးမှာ ဆိုင်ကနေ မခွာချင်။

သို့သော်လည်း သစ်သီးတွေရောက်ပီ လာယူပါဆို၍ အပြင်မထွက်ချင်ပေမယ့် ထွက်ရအုံးမည်။

ဆိုင်မှာက သစ်သီးလတ်လတ်ဆတ်ဆတ်တွေသာ သုံးသည်မို့ တခြားဆိုင်တွေထက် အရသာကလတ်ဆတ်နေတတ်ကာ ကျန်းမာရေးနဲ့လည်း သင့်တော်သည်မို့ Baekhyunတို့ဆိုင်က ကိတ်တွေ အသီးဖျော်ရည်တွေက နာမည်ကြီးသည်။

သစ်သီးတွေကိုလည်း နယ်ကနေတိုက်ရိုက်မှာသည်မို့ သစ်သီးကားလာပို့သည့်နေရာကို တစ်ပတ်ကို တစ်ခါလောက်သွားယူရသည်။

အရင်ကထက် ပူနေသည့်ရာသီဥတုကြောင့် အပြာရောင်ချည်သားလက်ရှည်ပွပွ တစ်ထည်ကို
ဘောင်းဘီတို အမဲလေးနဲ့ တွဲဖက်ဝတ်ဆင်ကာ ဦးထုတ်အဝိုင်းလေးဆောင်းပီး Taxiငှါးဖို့ ထွက်ခဲ့သည်။

ဒီလိုနေ့မျိုးတော့ ဘတ်စ်ကားတော့ လုံးဝမစီးချင်။

ဒီနေ့ကျမှ Taxiတွေကလည်း ငှါးရခက်လွန်းနေသည်။

ပူအိုက်နေလို့ စိတ်ရှုပ်နေရသည့်အပြင် ကားပါငှါးမရလေတော့ စိတ်တိုစပြုလာပီ။

ခြေညှပ်ဖိနပ်အပါးလေးသာစီးထားသည်မို့ ခြေချောင်းလေးတွေကအစပူလောင်လာကာ သက်သာလိုသက်သာငြား ခုန်စွ ခုန်စွနဲ့ ကားစောင့်နေမိသည်။

တစ်ကိုယ်လုံး ပူစပ်လောင်နေကာ စိတ်မရှည်တော့ပီမို့ ဒီတစ်ခါမှ ကားမရလျှင် ဘတ်စ်ပဲစီးလိုက်တော့မည်။

.....

"ဘယ်သွားမလို့လဲ Baek?''

ပူလွန်းလို့ ကိုယ့်ဟာနဲ့ကိုယ် အာရုံများနေသည်မို့ အနားကို သူရောက်လာတာတောင် သတိမထားမိ။

Taxiရဖို့သာ အာရုံစိုက်နေသည်မို့ ကိုယ့်အနောက်ကနေ ကားရပ်ပီး ကားပေါ်ကဆင်းကာ ကိုယ့်ကိုလာမေးကာမှ သိရသည့်အဖြစ်။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now