Part 13

12.5K 1K 27
                                    

Baek pov

တင်းတောင် တင်းတောင်

အိမ်ရှေ့လူခေါ်ဘဲလ် အသံကြောင့် နာရီကိုပြူးပြဲကြည့်တော့ 7:45..
အိပ်ယာပေါ်က ဟိုကျော်ဒီခွနဲ့ အိမ်ရှေ့တံခါးကိုဖွင့်ပေးလိုက်တော့ ရှေ့မှာရပ်နေတာက သူ...

"hyung အစောကြီးပဲ ''

"အင်း... အလုပ်အတူသွားရအောင်လို့ ဝင်ခေါ်တာ ခုမှနိုးတာလား''

"ဟုတ်တယ် hyung အိမ်ထဲဝင်လေလာ....ကျနော်ရေချိုးလိုက်အုံးမယ် ခဏနော်... မနက်စာရောစားပီးပီလား''

"မစားရသေးဘူး.. ''

"ကျနော် ရေအမြန်ချိုးလိုက်မယ်နော် ခဏစောင့်အုံး ပီးရင်မနက်စာ ပြင်ပေးမယ်..''

"အင်းပါ''

ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာတော့ ပြာယာတွေခတ်လို့.... ညက အိမ်အပြန်လိုက်ပို့တဲ့အထိတောင် မနက်လာခေါ်မယ်မပြောတော့ ...
ညနက်တဲ့ထိ ဂိမ်းဆော့နေတာ ရုံးသွားခါနီးမှထကာ ရေချိုးပြီး ဆိုင်သွားမယ် ဆိုင်ရောက်မှမနက်စာစားမယ်ဆိုပီး အေးရာအေးကြောင်းလုပ်နေတာ....
သူလာမယ်မှန်းမသိတော့ မနက်စာအတွက် ဘာမှပြင်မထားမိ အိမ်မှာလည်း ခေါက်ဆွဲထုတ်နဲ့ ပေါင်မုန့်လောက်သာရှိတာ အဆင်ပြေတာပဲပြင်ပေးရတော့မှာပဲ.....

ရေချိုးပီးထွက်လာတော့ သူက အိမ်ရှေ့ခန်းမှာထိုင်ကာ သတင်းထိုင်ကြည့်နေတယ်...
မီးဖိုထဲဝင်ကာ မနက်စာစားဖို့ပြင်လိုက်တယ်...
မနက်အစောဆိုတော့ ခေါက်ဆွဲပြုတ်ကြီးတော့မကောင်းဘူး...
အာ့ကြောင့် ပေါင်မုန့်အချပ်လေးတွေကို ထောပတ်သုတ်ပီးကင်လိုက်တယ် ...ကြက်ဥနှစ်လုံးလောက်ဖောက်ကာ မကျက်တကျက်ကြော်လိုက်တယ်...
နောက်ပီး အသားပြားနည်းနည်းရယ် ကြက်ဥချောင်းနည်းနည်းရယ်ကြော်ပီး sandwichလေးလုပ်ပေးလိုက်တယ်...

sandwich လေးနှစ်ခုပေါ်မှာ မရောနိစ်လေးဆမ်းပီး လိမ္မော်ရည်နှစ်ခွက်ဖျော်ကာ ဗန်းလေးပေါ်တင်ပီး သတင်းထိုင်ကြည့်နေတဲ့ သူ့ဘေးကိုယူလာခဲ့တယ်....

"Hyung စားလိုက်အုံးရှိတာပဲ ပြင်ပေးထားတာ.. ကျနော် အင်္ကျီလဲလိုက်အုံးမယ် စားနှင့်လိုက်''

အင်္ကျီလဲ ph ပိုက်ဆံအိတ် စသဖြင့်လိုအပ်တဲ့ ပစ္စည်းလေးတွေယူပီး ထွက်လာတော့သူက စားလို့တောင်ပီးတော့မယ်...

Official [Completed] (Zawgyi + Unicode)Where stories live. Discover now