Part 19

12.4K 1.1K 90
                                    


Baek pov

အရာရာဟာ ပြောင်းလဲတတ်တယ်ဆိုတဲ့စကားဟာ မှန်သင့်သလောက်တော့ မှန်သည်။ ကျနော်နဲ့သူနဲ့ ဆက်ဆံရေးဟာ အများကြီးကောင်းမွန်လာခဲ့သည်။

ပိုမို နူးညံ့လာတဲ့သူဟာ မြတ်နိုးမှုတွေပိုပေးသလို ယုယမှုတွေလည်း ပိုလို့ပေးလာခဲ့သည်။

Jongin တို့ ခရီးထွက်တဲ့အချိန်ကစလို့ ကိုယ်တစ်ယောက်တည်းငေါင်နေပေမယ့် ကိုယ့်အပေါ်ပိုမိုဂရုစိုက်လာတဲ့သူကြောင့် အထီးမကျန်ခဲ့။

ခုဆိုရင် သူ့အိမ်ကို ပြောင်းနေဖြစ်ကာ အချစ်တွေလည်းပိုတိုးလာသလိုပင်။ အလုပ်သွား အလုပ်ဆင်းကိုသူကိုယ်တိုင် အကြိုအပို့လုပ်ပေးကာ နေ့ရက်တိုင်းကပျော်စရာအတိ။

ဒီလိုအချိန်က ပန်းပေါင်းစုံဖွေးဖွေးလှုပ်လှုပ် ပွင့်လန်းချိန်မို့ တစ်မြို့လုံးလှချင်တိုင်းကို လှနေတော့တာ။ သူပေးတဲ့ကြင်နာမှုတွေကြောင့် မြင်မြင်သမျှလည်း လှနေတာဖြစ်လိမ့်မည်။ လှချင်တိုင်းလှနေတဲ့ ချယ်ရီပင်တန်းတွေအောက်မှာ သူနဲ့ကျနော် အမှတ်တရဓာတ်ပုံတွေလည်းရိုက်ခဲ့ကြသည်။

ဒီနေ့လည်း အသားကင်စားချင်တယ်လို့ ဆိုလိုက်မိတဲ့ ကျနော့်စကားတစ်ခွန်းကြောင့် onlineပေါ်တွင် recommend ကောင်းကောင်းပေးခံရတဲ့ဆိုင်တွေကို မွှေနောက်ရှာကာ အဆင်ပြေဆုံးဆိုင်ကိုရွေးနေလေသည်။

တွေ့တဲ့ဆိုင်ဝင်စားရအောင်ဆိုလည်းမဟုတ် စားတဲ့အချိန်မှာတော့ အေးအေးဆေးဆေးနဲ့ အရသာကောင်းကောင်းလေးတွေသာ စားစေချင်လို့ဆိုတဲ့ သူ့စေတနာစကားမှာပီတိဖြာရသေးသည်။

သူသွားမယ်လို့ သတ်မှတ်လိုက်တဲ့ အသားကင်ဆိုင်က မြို့ထဲနဲ့အနည်းငယ်လှမ်းကာ မရောက်ဖူးတဲ့လမ်းတွေမို့လို့ နေရာကရှုတ်ထွေးနေသည်။ ဒီဆိုင်မှဒီဆိုင်ပဲဆိုတဲ့ သူကတော့ google map ဖွင့်ကာ အေးရာအေးကြောင်းပင် ရောက်အောင်သွားသည်။

သူနဲ့အတူနေမှပင် သူသည် အရာရာကို အေးအေးဆေးဆေးနဲ့ စိတ်ရှည်စွာဖြေရှင်းလေ့ရှိသောသူပင်။

ကျနော်ကတော့ တစ်ယောက်တည်းတွေးချင်ရာတွေးကာ ကြိတ်ခံစားလေ့ရှိသောသူမျိုးပင်။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now