Part 25

13K 1.2K 71
                                    


ရာသီဥတုက အနည်းငယ်ပူပေမယ့်လို့ တစ်ခါတစ်ရံရွာတတ်တဲ့ မိုးကြောင့် နွေရာသီလိုကြီးတော့ နေရတာမဆိုး။

မိုးရွာလို့ ရာသီဥတု အနည်းငယ်အေးသည့်အချိန်တွေမှာ အပေါ်ကထပ်ဝတ်ရတဲ့ အနွေးထည်တွေထက် ဆွယ်တာအပါးလက်ရှည်လိုဟာမျိုးဝတ်ရတာကို Baekhyunပို၍ သဘောကျသည်။

အောက်က တီရှပ်အပါးတစ်ထည်နဲ့ အပေါ်ကဆွယ်တာဝတ်လိုက်ရင် သက်တောင့်သက်သာရှိလေသည်။

အနွေးထည်ကြီးဝတ်ရသလို နေရမခက်တော့။

ခုလည်း super market ရောက်တုန်း ဆွယ်တာလက်ရှည်လေးတွေ ရှာနေမိသည်။

ဒီနေ့တော့ စိတ်အပန်းဖြေရအောင်ကို အပြင်ထွက်လာခဲ့ခြင်း။ ဆိုင်ကိစ္စတွေ ဘာတွေ ခေါင်းထဲမထည့်ကာ ဒီနေ့တော့ လွတ်လပ်စွာ အချိန်ကုန်ဆုံးမယ်လို့ စဉ်းစားထားသည်။

အတော်ကြာမှ အပြင်ထွက်ရလို့လားမသိ စိတ်လက်ပေါ့ပါးနေသည်။နောက်ပီး တနလာင်္နေ့ဖြစ်၍လားမသိ ရုံးပိတ်ရက်တွေထက်တော့ လူရှင်းနေကာ သွားရတာပိုကောင်းနေသည်။

Baekhyun အကြိုက်အင်္ကျီပုံစံလေးတွေ့၍ ထိုဆိုင်လေးထဲဝင်ခဲ့သည်။

သို့ပေမယ့် ခက်သည်က ရွေးထားသည့်နှစ်ထည်လုံးကို ကြိုက်မိနေခြင်း။ နှစ်ထည်လုံးဝယ်ရအောင်လည်းနှမြောသည်။ တကယ်တမ်းလည်း တစ်ထည်လောက်သာ ဝတ်ဖို့ဆုံးဖြတ်ထားသည်။

ထို့ကြောင့် မီးခိုရောင်ပေါ်မှာ အနီစင်း နဲ့ အဝါစင်း ပါသော ဆွယ်တာနှစ်ထည်ကို မြောက်ကြည့်မိသည်။ အနီစင်းလေးယူတာကောင်မလား အဝါစင်းလေးယူတာကောင်းမလားလို့။

"အနီစင်းလေးက ပိုလှတယ်...
ဒါပေမယ့် Baekက အသားဖြူတော့ ဘယ်ဟာနဲ့ဖြစ်ဖြစ်လိုက်တယ် နှစ်ထည်လုံးယူလိုက်ပါလား''

အသံလာရာဆီ ကြည့်မိတော့ ကိုယ့်ကိုပြုံးကြည့်ရင်း စကားဆိုနေသူ။ ဘယ်လောက်ထိနီးကပ်နေလဲဆို သူ့ဝင်သက်ထွက်သက်လေးတွေကအစ ဆံပင်ဖျားလေးတွေကို ရိုက်ခတ်နေသည်။

နီးလွန်းတာကြောင့် အနေရခက်သည်မို့ အနောက်အနည်းငယ်ဆုတ်လိုက်သည်။ တဆက်တည်းမှာပဲ လက်ထဲက ဆွယ်တာလေးနှစ်ထည်ကို နေရာတကျပြန်ချိတ်လိုက်သည်။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now