Part 2

15.3K 1.4K 6
                                    

Baek pov

သူ့ရှေ့ရောက်ရင် သိမ်ငယ်မိတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ်

နောက်တနေ့ မနက် အိပ်ယာနိုးတော့ စားပွဲပေါ်မှာတင်နေကျ ph ကိုစမ်းကြည့်တော့ မတွေ့ သြော် ညက ဟိုတယ် မှာကျန်ခဲ့တာပဲ hak ဘယ်လောက်တောင် အသိစိတ် လွတ်ပီးပြန်လာလဲဆို ph တောင်မေ့ရတဲ့ထိ နမော်နမဲ့နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်မိတယ်

ဒီနေ့ Monday ဆိုတော့ ညနေလောက်မှ ဆိုင်သွားရမှာဆိုတော့ အိမ်မှာပဲ ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းဖို့ စိတ်ကူးလိုက်တယ် ကျွန်တော်အလုပ်လုပ်တဲ့ coffee shop က weekend တွေဆို ကိုအလုပ်ရှုပ်တယ် အဲ့တာကြောင့် ကျွန်တော်က Monday ရယ် Wednesday ရယ် နေ့တစ်ပိုင်းနားရတယ် ပင်ပန်းပေမယ့် ကျွန်တော်သဘောကျတဲ့ ကိတ်မုန့်ဖုတ်တာရယ် ဆိုင်ကမိသားစုဆန်တာရယ်ကြောင့် အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်

ညနေရောက်တော့ ဆိုင်ကိုထွက်လာခဲ့တယ် ဆိုင်ရှေ့မှာ ကားကိုမှီကာ ဟန်ပါပါရပ်နေတဲ့ သူ့ကိုတွေ့တော့ ကျွန်တော့်ခြေလှမ်းတုံ့မိ သွားတယ် ကျွန်တော့်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း

" မင်း ph ပြန်လာပေးတာ ပြောစရာလည်းရှိတယ် ငါနဲ့ ခဏလိုက်ခဲ့ "

သူ့ဆီက ph လှမ်းယူလိုက်ရင်း

"ခုက ကျွန်တော့်အလုပ်ချိန် 8 နာရီနောက်ပိုင်းမှ အားမှာ "

"ဒီမှာ မင်းကိုတွေ့ဖို ဒီဆိုင်ကိုလာတာ 3 ခါရှိပီ ငါ့အလုပ်လည်းပျက်တယ် ငါမေးစရာရှိလို့် မင်းကို လာတွေ့တာ 8 နာရီ အတိမှာ ငါလာခေါ်မယ် မင်းအဆင်သင့်လုပ်ထားပါ "

သူပြောချင်တာပြောပြီး ကားပေါ်ပြန်တက်သွားတယ် သြော် ဒီလူနှယ် စိတ်ကလည်းတော်တော်ကြီးတာကိုး အာ့ကြောင့်ရည်းစားကဖြတ် သွားတာ hak

At 8:10 pm

"မင်း 10မိနစ် နောက်ကျတယ် ငါကတိကျမှကြိုက်တာ"

"ဒါ ကျွန်တော့်ကိုယ်ပိုင်ဆိုင် မဟုတ်ဘူး အလုပ်ပီးတဲ့အချိန်မှ ပြန်လို့် ရတာ"

"ကားပေါ်တက် မင်းနဲ့ပြောစရာရှိတယ် "

ကားပေါ်မှာ ကျွန်တော်တို့ စကားတစ်ခွန်းမှ မဆိုမိ တစ်နေရာရောက်တော့ ကားကိုထိုးရပ်လိုက်တယ်

Official [Completed] (Zawgyi + Unicode)Where stories live. Discover now