Part 6

13.9K 1.2K 16
                                    

Baek pov

သူသာ ကျွန်တော့်အနားရှိရင် ကျန်တာဘာမှမလိုအပ်တော့ပီ.....

သူရဲ့ 'ကိုယ်တို့ တွဲရအောင်.. ' ဆိုတဲ့ စကားကြားပီးတဲ့အချိန်မှာ ကျွန်တော်ဟာ ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်သွားသလို.....

"Baekhyun ကိုပြောတာကြားလား... ''

ကျွန်တော့် လက်ကိုလှုပ်ရမ်းလိုက်တဲ့ အခါမှ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်တော့တယ်.....

"ဟင်....''

"ကိုယ်ပြောတာ သဘောတူလားလို့ မေးနေတာ... ''

သူ့ကို ပြုံးပြီးကြည့်နေတာ သူ့အမေးကိုပြန်မဖြေလို့ ထင်ပ မျက်မှောင်ကြီးကျုံ့ပြီးမေးတော့မှ ကျွန်တော်ခပ်မြန်မြန်ပဲ ခေါင်းအကြိမ်ကြိမ်ငြိမ့်ပီး အဖြေပြန်ပေးတော့ ကျွန်တော်သိပ်ကြိုက်တဲ့ ပါးချိုင့်ကြီးပေါ်အောင် ပြုံးပြတယ်.....

ညစာစားပြီးတော့ ရုပ်ရှင်ကြည့်ရအောင်ဆိုတဲ့ သူစကားကြောင့် ကြည်နူးမိတာအမှန်...
ဒီနေ့တော့ ပျော်လွန်းလို့ ပါးစပ်ကိုစိနိုင်တော့မယ်မထင်.....

ရုပ်ရှင်ကြည့်တော့လည်းဘာကားမှန်းသေချာမသိ သူဘေးနားရှိတာကြည်နူးရတာက တစ်မျိုး သူ့မျက်နှာချောချောကိုငေးကြည့်ရတာက တစ်မျိုး သူ့ကိုယ်သင်းနံ့လေးကြောင့်ရင်ခုန်ရတာက တစ်မျိုး...... အဲဒီ အမျိုးမျိုးသောအကြောင်းတွေကြောင့် သူ့ရင်ခွင်ထဲတိုးဝင်လိုက်တယ် ပီးရော.....

ဟုတ်တယ်လေ နာရီပိုင်းလေးကမှ ဖြစ်တဲ့ချစ်သူကို စိတ်မဝင်စားပဲ ရုပ်ရှင်ကိုပဲ တစ်ခါမှမကြည့်ဘူးတဲ့လူလို စူးစူးစိုက်စိုက်ကြီးထိုင်ကြည့်နေတယ်.... ဒီကတော့ romantic ဆန်ဆန် ကိုယ့်ကို ရင်ခွင်လေးထဲထည့်  စကားလေးတွေ တီတီတာတာပြော ရုပ်ရှင်လေးကြည့် ဘယ်လောက်မိုက်လဲ ခုတော့ စိတ်ကူးထားတာနဲ့တလွှဲ....အဲ့တော့လည်းကိုယ်ကပဲစပြီး သူ့ရင်ခွင်ထဲ စဝင်လိုက်တယ် ပီးရော.....

သူကတော့ သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကျွန်တော့်ကိုပြုံးပြီးကြည့်တော့ ကျွန်တော်အသည်းယားစွာ သူ့ပါးချိုင့်လေးကို ခပ်ဖွဖွအနမ်းပေးလိုက်တယ်.....

ကျွန်တော့် ပုခုံးကိုလာဖက်ပီး ကျွန်တော့်ငယ်ထိပ်လေးကိုနမ်းပီး ဆံပင်လေးတွေ ဆော့ကစားနေချိန်မှာတော့ သူ့ရင်ခွင်ထဲတိုးဝင်ပြီး သူ့ခါးကိုတင်းနေအောင်ဖက်ထားလိုက်တယ်.......

Official [Completed] (Zawgyi + Unicode)Where stories live. Discover now