အခန်းတွင်းက Aircon ဖွင့်ထားလို့ အေးနေပေမယ့် အပြင်မှာတော့ တော်တော်လေးကို ပူနေလောက်ပီ။
အိပ်ယာပေါ်ဟိုလှိမ့်ဒီလှိမ့်နဲ့ မထချင်သေး။
ပုံမှန်ရက်တွေဆို မနက်ခြောက်နာရီလောက်တည်းက အမြဲထနေရတာမို့ နားလို့ရတဲ့အချိန်မှာတော့ အားရပါးနားပစ်မည်။အိပ်ယာပေါ်လှိမ့်နေသည်က လွတ်လွတ်လပ်လပ်ဖြစ်နေသည်မို့ သေချာသည်က Chanyeol အိပ်ယာထသွားပြီဖြစ်မည်။
မထချင်သေးသော်လည်း အိပ်ရေးဝသည်ထက်ကျော်လွန်ကာ ခေါင်းတောင် နောက်တောက်တောက်ဖြစ်နေသည်။
မနေ့က သောက်ထားတဲ့ အရှိန်ကြောင့်လည်းပါလိမ့်မည်။ဒါပေမယ့်လည်းမထချင်သေးသည်မို့ မျက်လုံးလေးမှိတ်ကာ ဇိမ်ယူနေသည်။
"မထသေးဘူးလားကွာ''
အခန်းတံခါးဖွင့်သံနဲ့အတူ အိပ်ယာပေါ် Baekhyunဘေးဝင်ထိုင်ကာ မျက်ခွံလေးတွေကို မထိတထိအနမ်းပေးသည်မို့ ခံစားချက်ယားကျိကျိနဲ့ မျက်လုံးဖွင့်ကြည့်တော့ ပြုံးပြီးကြည့်နေသည့် Chanyeol.
"ဆယ့်တစ်နာရီတောင် ထိုးတော့မယ် ထတော့လေ...
အရမ်းအိပ်နေရင်လည်း ခေါင်းနောက်နေလိမ့်မယ်''"အချိန်က အဲ့လောက်တောင် ဖြစ်သွားပီလား?''
"ဟုတ်ပဗျာ....
ကိုယ် အခန်းထဲလာကြည့်တာတောင် သုံးခါလောက်ရှိနေပီ''"ကိုကို က ဘယ်အချိန်တည်းက နိုးတာလဲ?''
"ရှစ်နာရီလောက်က''
Baekhyunအိပ်နေရာက ထထိုင်တော့ ဆံပင်ကြား ငယ်ထိပ်လေးကို Chanyeolကအနမ်းပေးကာ....
Baekhyunခြုံထားတဲ့ စောင်တွေခေါက်ပေးပီး အိပ်ယာခင်းတွေဖြန့်ကာ အိပ်ယာသိမ်းပေးလေသည်။"ခေါင်းနောက်သေးလား?''
"နည်းနည်း''
"ရေချိုးလိုက်လေ...နေလို့ကောင်းသွားအောင်''
"အင်း''
"ရေနွေးစပ်ပေးရမလား?''
"ရေအေးနဲ့ပဲချိုးမယ် လန်းသွားအောင်လို့...
ဒါနဲ့..
ကိုကို့ ဝတ်ထားတဲ့ အဝတ်အစားတွေက အရင်မမြင်ဘူးပါဘူး''
YOU ARE READING
Official [Completed] (Zawgyi + Unicode)
RomanceCover by Windi_622❤ Official_ ချစ်သူနှစ်ယောက်ကြားမှာ အရေးကြီးတဲ့ အရာတစ်ခု ကျွန်တော့် အတွက်တော့ အရေးမကြီးဘူးထင်တာပဲ ဒါပေမယ့် ကျွန်တော်မှားသွားတယ် တကယ်ချစ်လာတဲ့အခါမှာ ဒါငါ့ရဲ့ official ချစ်သူလို့ သူသတ်မှတ်ပေးတာဟာ ကျွန်တော့်အတွက် အခမ်းနားဆုံးအရာတစ်ခုဖြ...