Unicode
ကျောင်းအသစ်ကိုပြောင်းလာတာမို့ကိုယ့်ကိုကိုယ်
မိတ်ဆက်ရန်ဆရာရဲ့ဘေးက အတန်းရှေ့မှာ
မတ်တပ်ရပ်နေရသည်။" အဟမ်း!! အဟမ်း !! "
ဆရာက ချောင်းဟန့်ပြနေသော်လည်း
အတန်းထဲမှာ တစ်ယောက်မှဆရာဆီကို attention မရှိ။
ဆူညံနေကြခြင်းမဟုတ်။ အလွန်တရာကိုမှတိတ်ဆိတ်နေကြခြင်းသာ။
တိတ်ဆိတ်တာက ... ဖုန်းကိုယ်စီသုံးပြီး
သူတို့အာရုံနှင့်သူတို့ဖြစ်နေကြခြင်းကြောင့်။"ကျောင်းသားသစ်လား? မင်းကဘာလုပ်နေတာလဲ?
ဆရာ့ဘေးမှာမက်တပ်ရပ်နေပြီးတော့ မိတ်ဆက်စရာရှိတာမိတ်ဆက်လေ။ စာမေးပွဲအတွက်
ငါစာသင်ရဦးမှာ။ မင်းမိတ်ဆက်ဖို့နဲ့စာသင်ချိန်တွေ
အကုန်မခံနိုင်ဘူး"ရုတ်တရက်ထပြောသော အတန်းခေါင်းဆောင်ဟုထင်ရသည့် ရှေ့ဆုံးတန်းမှကျောင်းသားတစ်ယောက်ကြောင့်
မိမိမျတ်မှန်ကိုင်းကို ပင့်တင်ရင်း။"အဟမ်း...အဟမ်း"
"မင်းနာမည် BaekHyun မလား?
ရပြီမင်းရဲ့ နာမည်ကဒ်ကြည့်တာနဲ့သိတယ်
မိတ်ဆက်မနေနဲ့တော့"ဆရာကလည်းဘာမှဝင်မပြောပေးတာကြောင့်
ရှက်ရှက်နဲ့ တွေ့ရာခုံတစ်ခုကိုဝင်ထိုင်မိသည်။ကျွန်တော့်နောက်မှာကတော့ ခုံအလွတ်တစ်ခုံရှိနေသေးသည်။
[ KR က ထိုင်ခုံတွေကများသောအားဖြင့်
တစ်ယောက်ထိုင်ခုံတွေလေ ။ သိတယ်မလား ]ကျွန်တော်ကအဲ့ထိုင်ခုံရဲ့အရှေ့ကခုံကိုဝင်ထိုင်တဲ့အချိန်
တစ်တန်းလုံးအသံတွေက ဝိုးခနဲ။ဘာဖြစ်လို့လဲဟင်ဆိုသည့်အကြည့်နဲ့ပြန်ကြည့်တော့
ဘယ်သူမှပြန်မဖြေ ။ဆရာကတော့ ဟိုဟာတွေမလာဘူးပေါ့လို့
ပြောပြီးစာသင်နေသည်။နေ့တစ်နေ့သာပြီးသွားတယ်။
စကားလာပြောတဲ့သူလည်းမရှိ။ဆေးရုံတက်နေသည့်အမေစိတ်ချမ်းသာဖို့အတွက်နဲ့
ဒီလိုကျောင်းကိုဝင်ခွင့်ရအောင်
ကြိုးစားခဲ့မိသည့်မိမိသာအမှား။****
နောက်တစ်နေ့ကျောင်းလာတော့ ဘတ်စ်ကားစီးရတာကိုပင်အတော်အေးနေသည်။
ESTÁ A LER
Dating With A Gangster
Fanfic.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shinn Ji Neul နဲ့ LiamRin ရဲ့ Collaboration ?? CoverPhoto by AsunaPark