[ 13 ]

9.2K 1K 162
                                    

Unicode

သူ့ကိုဘာမှပြန်မပြောပဲ ခေါင်းမိုးထပ်ကနေ
ပြေးဆင်းလာမိသည်။ ဆင်းလာမိသည့် လမ်းတစ်လျှောက်လည်းလူက ဘာတွေဖြစ်နေမှန်းမသိ။

ကျောင်းဆင်းတော့ အိမ်ပြန်သည်အထိ
သူ့ကိုမတွေ့အောင် သေချာရှောင်ပြီးမှပြန်ရသည်။
တွေ့ရင် ဘာပြောရမယ်မှန်းမှမသိတာ။

မနက်ဖြန်ကျောင်းပိတ်တာမို့ မနက်ဖြန်အတွက်ကြိုတင်
plan.ချရင်း။ မနက်ဖြန် sehun တို့အိမ်ကို
သွားလည်ရမည်ဖြစ်၏။

ကျောင်းကပြန်ရောက်ကတည်းက ထမင်းစားပြီး
စာလုပ်နေမိသည်။ ဒီနေ့ဟို sehun မလာတာကြောင့်လည်း ကျွန်တော့်ကမ္ဘာအေးချမ်းနေသလိုလို။

စာလုပ်နေတုန်းဖုန်းက message ဝင်တော့ ။

မနက်ဖြန်အားလားဟင်

ဘယ်သူလား။ ဖုန်းနံပါတ်ကလည်း မသိတဲ့ဖုန်းနံပါတ်ကြီး။

ဘယ်သူတုန်း?

ChanYeol လေ ။ မင်း ဖုန်းနံပါတ်ဘယ်လိုရလဲတော့မမေးနဲ့နော်
ငါက ဒီတိုင်းစုံစမ်းလိုက်တာ ။ ပြီးတော့မင်းကို Stalk နေတယ်လို့ထင်မနေနဲ့ဦး ။ ငါကကိုချစ်တဲ့သူကို စိတ်အနှောင့်အယှက်မပေးတက်ဘူး-,-"

မနက်ဖြန်က အားပါတယ်။ မင်းကဘာလုပ်မလို့တုန်း ။

ရုပ်ရှင်သွားကြည့်မယ်လေ ။ ဒါမှမဟုတ်လျှောက်လည်မယ်။ တစ်နေကုန်အချိန်ဖြုန်းကြည့်ရအောင် ။

အဲ့တာဆို မနက်ဖြန်က မင်းနဲ့ငါရဲ့ First Date
လိုဖြစ်နေမှာပေါ့ ။

Hey ! အဲ့ First Date ဆိုတာကို
ကိုယ်မပြောဘူး ။ မင်းပြောတာနော် ကောင်လေး 🙊
ကောင်လေးတစ်ယောက်ကတော့ ခံစားချက်တွေကိုမသိမသာနဲ့ ဝန်ခံနေတာပဲ 🙊❤

အား ၊ မနက်ဖြန် ကိုးနာရီလောက်သာ အိမ်ရှေ့က
လာခေါ်😒 ဘာမှမဝန်ခံဘူး😒

အင်း ၊ ချစ်တယ် ၊၊

နောက်တစ်နေ့မနက်ရောက်တော့ ပြဿာနာကစလာပြီ။
ဘာဝတ်ရမယ်မှန်းမသိတာ။ ဒီပြဿနာက ဘာမှသာမဟုတ်တာ တော်တော်လေးကိုအလုပ်ရှုပ်သည့်ဟာ။
ငါဘာလို့သူနဲ့လျှောက်လည်မဲ့ကိစ္စကို သဘောတူမိသွားရတာလဲ ။ အမှန်ဆို ငါငြင်းသင့်တာလေ။'

Dating With A GangsterOnde histórias criam vida. Descubra agora