[ 9 ]

8.5K 1.1K 205
                                    

Unicode

ဒီရက်ပိုင်းအမြဲတမ်းလိုလို JaeChanကအိမ်ပြန်လိုက်ပို့ပေးသည်။ ChanYeolနဲ့တော့ အခြေအနေတွေက အရင်လိုမဟုတ်တော့ ..

တစ်ခါတစ်လေမှ အဆင်ပြေတတ်သော်လဲ ..
ထိုတစ်ခါတစ်လေက GAပေါက်သည်ထက်ရှားသည်။

လွယ်အိတ်ကြိုးကိုကိုင်လျက် အတွေးများပြီး လမ်းလျှောက်နေတဲ့ကောင်လေးကတော့သူနှင့်ခပ်လှမ်းလှမ်းကနေ တောက်လျှောက်လိုက်နေသော အရပ်ရှည်ရှည်နှင့်ကောင်လေးကိုသတိထားမိမည်မဟုတ်ပါ။

*****

" ဟေး .. BaekHyun "

ကျောင်းအပေါက်ဝမှာJaeChanက ရပ်စောင့်နေပြီးကျွန်တော့်ကိုတွေ့တော့ပုခုံးကိုလာဖက်သည်။

တကယ်တမ်းကျွန်တော်JaeChanနှင့်မတွေ့ချင် ။ စိတ်ထဲမှာ ChanYeolအထင်လွဲသွားမည်ကိုစိုးရိမ်နေမိသည်။

ဘာကြောင့်မှန်းတော့မသိ .....။

" ပု .. ပုခုံးကိုမဖက်နဲ့ "

JaeChanဖက်ထားတဲ့လက်ကိုတွန်းဖယ်ပစ်တော့ JaeChanကကြောင်သလိုကြည့်လာသည်။ ..

" ဟို .. ငါ့အသားကိုထိတာသိပ်မကြိုက်လို့ "

" ပီးတာပဲ .. ဒါနဲ့မင်းစက်ဘီးမပါဖူးလား ? "

" အင်း ... လမ်းလျှောက်ချင်တာနဲ့ "

" အပြန်ကျ ငါ့စက်ဘီးနဲ့လိုက်ခဲ့မလား ? "

" ဟင့်အင်း .. ရတယ် "

JaeChanနှင့်ကျွန်တော်စကားတပြောပြောနှင့်လျှောက်လာတာ ကျွန်တော့်အတန်းရှေ့တောင်ရောက်လာပြီဖြစ်သည်။

" နားချိန်မှတွေ့မယ် "

" အင်း "

JaeChan၏ စကားကိုစိတ်မပါတပါနှင့်ခေါင်းငြိမ့်ပြလိုက်သည်။ .. အတန်းထဲရောက်တော့YooJungကိုနေရာတွင်မတွေ့ရ ။ ဘယ်သွားနေလဲတော့မသိ ..

ChanYeolနေရာကိုမသိမသာကြည့်မိတော့လဲ ရှိမနေ ..
မရောက်သေးဖူးထင်ပါသည် ။

အခုတလော ကျွန်တော့်ကိုအနိုင်ကျင့်သူတွေပျောက်နေတာကြောင့်လန့်နေရသည်။ ဘယ်အချိန်ထဖောက်လာမှန်းမသိသည်ကြောင့် ..။

ChanYeolနေရာကိုကြည့်ရင်းပဲ ကျွန်တော့်နေရာတွင်ဝင်ထိုင်လိုက်သည်။ ..

Dating With A Gangsterजहाँ कहानियाँ रहती हैं। अभी खोजें