[ 17 ]

5.8K 623 58
                                    

Unicode

"အခါတစ်ရာပဲလား "

မျက်ခုံးတစ်ဖက်ပင့်ပြကာ
ပြုံးရင်မေးလိုက်တော့သူက 'ဝိုး' ခနဲအော်ကာ
ရယ်နေသည်။

"ထူးဆန်းလိုက်တာ !ကြည့်ပါဦး ဒီလိုအတက်ကောင်းတွေ
ဘယ်ကနေတက်လာတာလည်း "

"ParkChan ကိုရည်းစားတော်ထားပြီး
ဒီလိုတွေ ပြန်မပြောတက်တာကမှ ပိုထူးဆန်းမှာလေ"

သူကတော့သဘောတကျဖြင့်ရယ်နေဆဲပင်။
အားရပါးရ ရယ်နေတာကြောင့်
မျက်လုံးလေးများကပင် မှိတ်တက်သွားကာ
မျဉ်းတစ်ပြေးတည်းဖြစ်နေသည်။
ပါးချိုင့်နက်ကြီးနှစ်ခုကလည်း အထင်းသားပင်။

"ဘာလို့ကြောင်ကြည့်နေတာလည်း
ကိုယ် တိုင်ပင်ရေပေးမယ်လေ! နမ်းတော့ "

ထိုင်နေသော သူ့နားတိုးကာသွားလိုက်ပြီး
နေရောင်ခြည်များကျရောက်နေသာ
သူ့မျတ်နှာပေါ်ကိုအုပ်မိုးကာ လက်နှစ်ဖက်နှင့်
မျတ်နှာကိုတယုတယထွေးပွေ့ပြီး
နှုတ်ခမ်းနှစ်ခုကိုသာ ထိကပ်ပေးလိုက်သည်။

အမှတ်မထင်ပြုမူလိုက်သောကြောင့်
ParkChan တစ်ယောက်ကြောင်သွားပေမဲ့
ခနကြာတော့ သူကပါ Baekhyun ကိုတင်းကျပ်နေအောင်ပြန်ဖတ်ထားကာ
အနမ်းများကိုပုံဖော်စေလိုက်သည်။

အသက်ရှုဖို့ရပ်ပြီးသော်လည်း
ParkChan ကမကျေနပ်ဟန်ဖြင့်
သူ့နားကိုပြန်ဆွဲသည်။

"ဟေး!! အနမ်းတစ်ရာဆို ကြာနေမှာမို့
စက္ကန့် လောက်100 ကြာအောင်နမ်းပေးလိုက်တာနော်"

"ဟာ!! Bae ညစ်ပတ်တာပဲ "

"မညစ်ပတ်ပါဘူးနော် !! "

သူကတော့ ကလေးတစ်ယောက်စိတ်ကောက်သလို
ဆူပုပ်နေလေသည်။ အူယားလာတာမို့
ပါးနှစ်ဖက်ကိုခပ်ဖွဖွဆွဲတော့
သူကခနတာမျှ အဆွဲခံနေသော်လည်း
နောက်တော့တစ်ခုခုကိုသတိရသွားဟန်ဖြင့်
အဆွဲမခံပဲလှည့်ထွက်သွားသည်။

စားထားသောက်ထားသည့်ဟာများကို
ခြင်းတောင်ထဲပြန်ထည့်ကာ
ကားထဲအရင်ပြေးထည့်လိုက်သည်။

ParkChan ကတော့ ထိုမြတ်ခင်းနေရမှာ
ထိုင်နေတုန်းပင် ။ အနောက်ကနေသိုင်းဖက်ကာ
နားရွက်ကားကားကို ကိုက်လိုက်တော့သူက
ကျွန်တော့်ကိုသူ့အရှေ့ရောက်အောင်
ဆဲပွေ့လိုက်ကာ ဖက်ထားသည်။

Dating With A GangsterWhere stories live. Discover now