[ 11 ]

8.4K 986 58
                                    

Unicode

ကျောင်းဆင်းတော့ Baekhyun က ဟိုကောင် JaeChan နောက်ကလိုက်သွားတာမြင်လိုက်တာကြောင့်
စိတ်ထဲကသိပ်တော့မကျေနပ် . .။
BaekHyunစက်ဘီးကဘာဖြစ်နေတာလဲသိချင်တာ
ကြောင့်အနားကပ်ကြည့်တော့ စက်ဘီးကလေလုံးဝမရှိ။

"ဘာလို့လဲ  . . ဟိုကောင်တွေအုပ်စုကိုလည်း
ငါဆုံးမထားပါတယ်. . . "

အကြောင်းမဲ့ကြီးတော့ စက်ဘီးကလေလျော့မနေနိုင်ပါ။
ဟိုကောင်ကများBaekHyun ကိုတင်နင်းချင်လို့
ဂွင်ဆင်တာများလား။ စိတ်ထဲကိုရောက်လာတဲ့ အတွေးပေါင်းစုံကြောင့် စက်ဘီးကြည့်နေရာကနေထကာ
JongIn ၏ဆိုင်ကယ်ယူပြီး BaekHyunကို
တင်ခေါ်သွားသည့်  ဟိုကောင်နောက်ကို
အမြန်လိုက်ရ၏။

လမ်းချိုးတစ်နေရာအရောက် တွေ့လိုက်ရသည့်
မြင်ကွင်းကြောင့် ဆိုင်ကယ်ကို သေချာမရပ်နိုင်တော့ပဲ
လှဲချကာ ပြေးပြီး JaeChan ကိုဆောင့်တွန်းမိ၏။

" မင်း "

တစ်ဖက်ကိုလဲကျသွားသည့်  JaeChan ပေါ်တက်ခွကာ
လက်သီးနဲ့အဆက်မပြက်ထိုးနေမိသည်။

****

လက်တို့ကပါ တစ်ဆက်ဆက်တုန်ယင်လာသည်။
နှုတ်ခမ်းတို့ထံမှ စကားပြောဖို့ကြိုးစားသော်လည်း
အသံထွက်မလာပဲ တံတွေးသာမြိုချမိသည်။
မျက်စိရှေ့မှာဖြစ်ပျက်နေသည့် မြင်ကွင်းကို တားဖို့အသိညဏ်မဝင်သည့်အချိန်အထိကြည့်နေမိသည်။

"Chan… Chan…Chan တော်တော့
လွန်မယ်"

သူ့အနားကိုတိုးသွားကာ လက်မောင်းတစ်ဖက်ကို
ဆွဲကိုင်ကာတားနေမိသည်။ သူက ကျွန်တော့်လက်ကိုပုတ်ထုတ်၏။

"မင်းဘေးဖယ်နေစမ်း"

"ဟဟ  ! သိပ်ကိုရိုနေကြတာပါလား
မင်းသတိထားနေBaekHyun"

အထိုးခံရသည့် JaeChan ကမမှတ်သေးပဲ
စကားနဲ့ထပ်ခနဲ့သည်။

"မင်းသေသင့်တဲ့ကောင်ပဲ"

JaeChan မျတ်နှာလည်းစုတ်ပျက်နေပြီမို့
ChanYeol ကိုလက်ကနေဇွတ်အတင်းဆွဲကာ
တားရသည်။မနည်းအားထည့်ပြီးဆွဲလိုက်မှ ကျွန်တော့်နဲ့အတူပါလာသည်။

"မင်းဘာဖြစ်နေတာလဲ ။ ငါဒီကောင်ကို
အသေတောင်သတ်ပစ်ချင်နေတာမင်းသိလား"

Dating With A GangsterWhere stories live. Discover now