[ 15]

8.3K 896 109
                                    

Unicode

"ဘာ လုပ် တာ လဲ
လူတွေ ရှိနေတာကို "

တွန်းထုတ်ကာ ဒေါသသံဖြင့်ပြောမိတော့
မျက်မှောင်ကြီးကြုတ်ကာ ပြန်ကြည့်လာသည်မို့
ပြောမိတာမှားပြီဆိုတာလည်း
တစ်ဆက်ထဲသိလိုက်မိသည်။

"ဒါဆိုငါ နမ်းတာမကြိုက်ဘူးပေါ့ "

ရုပ်သေကြီးနဲ့မေးလာသည်မို့
ဘာပြန်ဖြေရမည်မှန်းမသိ ။
မကြိုက်ဘူးလို့ဖြေဖို့လုပ်တော့လည်း
သူမနမ်းတော့ရင်ပယ်လိုလုပ်မလဲ့ -.-"

ကြိုက်တယ်ဆိုရင်လည်း
တစ်ဖက်က ဂုဏ်သိက္ခာကရှိသေး ။

"ဘာတွေလာမေးနေတာလဲ
မရှက်ဘူးလား "

"ချန်းယောလ် . . . "

သူနဲ့ကျွန်တော်ကြားဝင်ရောက်လာသည့်
ခပ်ဖျော့ဖျော့ စကားသံကြောင့်
အတန်းရှေ့နားကိုကြည့်မိပြီးသား ။

ဘာလား မိန်းကလေးတစ်ယောက် ။

ကြည့်ရတာတော့ ကျောင်းသူမဖြစ်လောက် ။
ဆရာမလား ။

"Noona ! "

ဘေးနားက ChanYeol ဆီက
ထွက်လာတဲ့အသံကြောင့် စိတ်ထဲ ထင့်ခနဲ ။
ခေါင်းကို အနည်းငယ်ခါရမ်းကာ ChanYeol
ကိုတစ်လှည့် ထိုမိန်းမကိုတစ်လှည့်ကြည့်မိသည် ။

"ChanYeol !! !"

ထိုမိန်းမက ရှေ့ကိုပိုတိုးလာတာကြောင့်
ကျွန်တော်ကိုယ်တိုင်ကလည်း ထိုင်ခုံပေါ်ကနေ
မတ်တပ်ထရပ်ပြီးသား ။

ChanYeol က သူ့ထက်အရပ်ပုနေသည့်
ကျွန်တော့်ကိုငုံ့ကြည့်လာသည် ။

JongIn ကလည်း ကျွန်တော့်တို့နား
ကိုမတ်တပ်လာရပ်ကာ ထိုမိန်းမကိုစောင့်ကြည့်နေသည်။

"Noona "

နည်းနည်းတော့ များနေပြီ။
ChanYeol ကလည်း Noona ။
JongIn ကလည်း Noona ဆိုတော့ကာ

တစ်တန်းလုံးအခြေအနေက တိတ်ဆိတ်လျက်။

ကျွန်တော်သိလိုက်ပြီ
ဒီအခြေအနေက သာမာန်မဟုတ်ဘူး ။
ဇာတ်ကားတွေထဲမှာလိုဆို ဒီမိန်းကလေးက
သေချာပေါက် ကို ChanYeol နဲ့တစ်ခုခုပတ်သတ်တဲ့
မိန်းကလေးတစ်ယောက်ဖြစ်လိမ့်မယ် ။

Dating With A GangsterWhere stories live. Discover now