[ 8 ]

8.6K 1K 75
                                    

Unicode

"ကျစ်စ်…စိတ်ပျက်ဖို့ကောင်းလိုက်တာ"

ParkChanYeol ကကျွန်တော့်ထိုင်ခုံကိုနောက်ကနေ
ဆောင့်ကန်ကာ အတန်းအပြင်သို့ထွက်သွားသည်။
သူမထွက်သွားခင် ပြောတဲ့စကားက စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့ !
ဘာကိုစိတ်ပျက်တာလဲ ။

သူထွက်သွားတဲ့နောက်ကိုအမြန်ထကာ ပြေးလိုက်မိသည်။
သူကတော့သန့်စင်ခန်းထဲဝင်သွားတာဖြစ်တာကြောင့်
သန့်စင်ခန်းထဲလိုက်ဝင်ရသည် ။

"Chan… ChanYeol……"

သန့်စင်ခန်းတံခါးကိုဖွင့်နေတဲ့သူက ကျွန်တော်လှမ်းခေါ်လိုက်တာကြောင့် တံခါးကို
ခပ်ကြမ်းကြမ်းပြန်ဆောင့်ပိတ်ကာ ကျွန်တော့်အနားကို
လှမ်းလာနေသည်။

"ဘာလို့လိုက်လာတာလဲ "

"မင်းထွက်သွားတာတွေ့လို့ …ငါရှင်းပြမလို့"

သူက ဆက်မပြောနဲ့ဟူသောသဘောဖြင့်
လက်ကာပြကာ တဖြည်းဖြည်းနဲ့ကျွန်တော်ရပ်နေတဲ့နားကိုတိုးလာသည်။
လက်ဆေးနေတဲ့ယောက်ကျားလေးအချို့ကိုပါ
အပြင်ဘက်ကို မျက်စပစ်ကာ ထွက်သွားခိုင်းနေသည်။
သန့်စင်ခန်းတစ်ခုလုံး လူမရှိတော့သည့်အချိန်တွင်တော့
သူသည် ကျွန်တော်နဲ့ တစ်မီတာလောက်အကွာတွင်
ရောက်နေပြီဖြစ်သည်။

"…ငါ့ကိုဟိုကိစ္စအတွက်ဆို…
ရှင်းပြစရာမလိုဘူး…
ငါနဲ့မင်းနဲ့ကဘာမှလည်းဆိုင်တာမဟုတ်တဲ့အတွက် "

သူက နောက်ထပ်တိုးလာတာကြောင့်
ကျွန်တော်နဲ့သူ၏ကြားက နေရာအကွာအဝေးသည်
အနည်းငယ်သာရှိတော့သည်။

"ပြီးတော့အခုနောက်ပိုင်းတွေ
မင်းကိုအနိုင်ကျင့်တဲ့သူတွေရှိလာရင် ငါ့ကြောင့်လို့တော့
မပြောနဲ့နော်  ။ မင်းဘာသာမင်း JaeChan နဲ့သွားပက်သက်တာ"

"မင်းစကားတွေကငါ့ကိုစော်ကားလွန်းသွားပြီ ParkChan … "

"သိပ်ထိသွားတာလား… မရည်ရွယ်ထားတဲ့အတွက်
စိတ်မကောင်းပါဘူး BaekHyun shi "

နားနားကိုကပ်လာကာ ပြောသွားသည့်သူ့ကြောင့်
လူက ဒေါသပိုထွက်လာသည် ။
အရင်က ChanYeol ကဒါမျိုးပုံစံမှမဟုတ်တာ ကို…
ဒီနေ့ကြမှဘာတွေဖြစ်နေမှန်းမသိ။

Dating With A GangsterWhere stories live. Discover now