[ 1 ]

19.4K 1.1K 21
                                    

Unicode

ကျောင်းအသစ်ကိုပြောင်းလာတာမို့ကိုယ့်ကိုကိုယ်
မိတ်ဆက်ရန်ဆရာရဲ့ဘေးက အတန်းရှေ့မှာ
မတ်တပ်ရပ်နေရသည်။

" အဟမ်း!! အဟမ်း !! "

ဆရာက ချောင်းဟန့်ပြနေသော်လည်း
အတန်းထဲမှာ တစ်ယောက်မှဆရာဆီကို attention မရှိ။
ဆူညံနေကြခြင်းမဟုတ်။ အလွန်တရာကိုမှတိတ်ဆိတ်နေကြခြင်းသာ။
တိတ်ဆိတ်တာက ... ဖုန်းကိုယ်စီသုံးပြီး
သူတို့အာရုံနှင့်သူတို့ဖြစ်နေကြခြင်းကြောင့်။

"ကျောင်းသားသစ်လား? မင်းကဘာလုပ်နေတာလဲ?
ဆရာ့ဘေးမှာမက်တပ်ရပ်နေပြီးတော့ မိတ်ဆက်စရာရှိတာမိတ်ဆက်လေ။ စာမေးပွဲအတွက်
ငါစာသင်ရဦးမှာ။ မင်းမိတ်ဆက်ဖို့နဲ့စာသင်ချိန်တွေ
အကုန်မခံနိုင်ဘူး"

ရုတ်တရက်ထပြောသော အတန်းခေါင်းဆောင်ဟုထင်ရသည့် ရှေ့ဆုံးတန်းမှကျောင်းသားတစ်ယောက်ကြောင့်
မိမိမျတ်မှန်ကိုင်းကို ပင့်တင်ရင်း။

"အဟမ်း...အဟမ်း"

"မင်းနာမည် BaekHyun မလား?
ရပြီမင်းရဲ့ နာမည်ကဒ်ကြည့်တာနဲ့သိတယ်
မိတ်ဆက်မနေနဲ့တော့"

ဆရာကလည်းဘာမှဝင်မပြောပေးတာကြောင့်
ရှက်ရှက်နဲ့ တွေ့ရာခုံတစ်ခုကိုဝင်ထိုင်မိသည်။

ကျွန်တော့်နောက်မှာကတော့ ခုံအလွတ်တစ်ခုံရှိနေသေးသည်။

[ KR က ထိုင်ခုံတွေကများသောအားဖြင့်
တစ်ယောက်ထိုင်ခုံတွေလေ ။ သိတယ်မလား ]

ကျွန်တော်ကအဲ့ထိုင်ခုံရဲ့အရှေ့ကခုံကိုဝင်ထိုင်တဲ့အချိန်
တစ်တန်းလုံးအသံတွေက ဝိုးခနဲ။

ဘာဖြစ်လို့လဲဟင်ဆိုသည့်အကြည့်နဲ့ပြန်ကြည့်တော့
ဘယ်သူမှပြန်မဖြေ ။

ဆရာကတော့ ဟိုဟာတွေမလာဘူးပေါ့လို့
ပြောပြီးစာသင်နေသည်။

နေ့တစ်နေ့သာပြီးသွားတယ်။
စကားလာပြောတဲ့သူလည်းမရှိ။

ဆေးရုံတက်နေသည့်အမေစိတ်ချမ်းသာဖို့အတွက်နဲ့
ဒီလိုကျောင်းကိုဝင်ခွင့်ရအောင်
ကြိုးစားခဲ့မိသည့်မိမိသာအမှား။

****

နောက်တစ်နေ့ကျောင်းလာတော့ ဘတ်စ်ကားစီးရတာကိုပင်အတော်အေးနေသည်။

Dating With A GangsterWhere stories live. Discover now