[ 6 ]

8.4K 1K 68
                                    

Unicode

ကျောင်းဆေးခန်းကိုရောက်တော့ ..
ကုတင်ပေါ် ChanYeolက အသာလှဲချပေးသည်။

Dr Noonaက ကျွန်တော့်ခြေသန်းကို အသာထိကြည့်တော့ .. ပါးစပ်ကနေ

" အ့ "

လို့အော်မိသည်အထိ ..။ နာကျင်မှုက ပြောပြလို့တောင်မရ ..

" ခြေသန်းကျိုးတော့မလို့ .. ဒီထက်သာပိုဆိုးရင်ခြေသန်းကျိုးမှာ "

Dr Noona၏ စကားအဆုံး ChanYeolဆီမှ
" ဟာ " ဆိုပြီး အသံထွက်လာသည်။

" အခုတော့ ဆေးထည့်မယ် "

ကျွန်တော်ခေါင်းသာငြိမ့်ပြလိုက်သည်။
ခြေသန်းကိုလာထိတဲ့ ဂွမ်းက အရမ်းစပ်သည်ကြောင့်
ဘေးနားတွင်ရှိသော ChanYeol၏ အင်္ကျ ီစကိုခပ်တင်းတင်းဆွဲထားမိသည်။

" စပ်လို့လား "

ChanYeolရဲ့မေးသံအဆုံး ..

" အင်း Arpha T.T "

ငိုသံအနည်းငယ်စွက်နေသော ကျွန်တော့်စကားကြောင့်
ChanYeolက ကျွန်တော့်ဘေးတွင်မတ်တတ်ရပ်နေရင်းကနေ ကုတင်ခြေရင်းမှာ ဆေးထည့်နေသည့် Dr Noonaဆီရောက်သွားသည် ။

" ကျွန်တော်ထည့်ပေးလိုက်မယ် "

ChanYeolရဲ့စကားသံကြောင့်
ကျွန်တော်ရော Dr Noonaပါကြောင်မိသွားသည်။

" ဟင် "

" ကျစ် .. ကျွန်တော်ထည့်ပေးလိုက်မယ်လို့ "

ChanYeolရဲ့တဖြည်းဖြည်းတည်လာတဲ့မျက်နှာကြောင့်လားမသိ  .. Dr Noonaက ဂွမ်းစနှင့်ဆေးဘူးကို သူ့ဆီပေးလိုက်သည် ။ တစ်ကျောင်းလုံးက ဘာလို့များ သူ့ကိုဆို ကြောက်ကြလဲ မသိ ..။

" အ့ "

ခပ်ဖွဖွထိလာတဲ့ ဂွမ်းစပေမဲ့  ..  စပ်တာကစပ်သေးသည်

* ဖူး *

အင် ? ChanYeolဘာလုပ်နေတာလဲ ။

ChanYeol ကျွန်တော့် ခြေသန်းနားတိုးကပ်ပီး အနာရှိတဲ့နေရာကို ဖူးကနဲ မှုတ်ပေးသည် ။

" Chan .. ChanYeolဘာလုပ်တာလဲ "

ကြောင်အအဖြင့် ခြေထောက်ကို သူ့နားကနေခွာလိုက်တော့ ဒူးနေရာလောက်ကို လက်ဖြင့်ကိုင်ကာ သူ့အနားပြန်တိုးသည် ။

Dating With A GangsterWhere stories live. Discover now