[ 16 ]

7.2K 824 84
                                    

Unicode

မနက်ခင်းနေအလင်းရောင်က
မျက်နှာပေါ်ကျရောက်လာတာမို့
မထချင်ထချင်နှင့်ပဲမျက်ခွံတွေကိုဖွင့်လိုက်ရသည် ။

တစ်ခန်းလုံးကိုဖြာကျနေသည့်
နေရောင်တွေအရ ပြတင်းပေါက်တွေ
ဖွင့်ထားတာ အဖေမှန်းခန့်မှန်းမိလ်ိုက်၏ ..

မနေ့ကChanYeol ဒိတ်မယ်ပြောခဲ့တာ
သတိရသွားပြန်တော့ ခြုံထားတဲ့စောင်ကိုဆွဲဖယ် ၊
အိပ်ရာကနေအမြန်ကုန်းထရင်း
ရေချိူးခန်းထဲဝင်ပြေးရတာ့သည်။

ပေါ့ပေါ့ပါးပါးShirtအဖြူလေးနဲ့
ဂျင်းဘောင်းဘီကိုသာ
ဝတ်လိုက်ရင်း
လမ်းထိပ်ဆီသို့သာထွက်ခဲ့လိုက်သည်။

လမ်းထိပ်ရောက်တော့
ChanYeolကားကိုတွေ့လိုက်ရသည်..

ရောက်နေတာကိုဖုန်းမဆက်ဖူး !!

ကားထဲကိုအလျင်အမြန်ဝင်ထိုင်ရင်း
ခါးပတ်ပတ်ပြီး ChanYeolကို စကားပြောရန်
အလှည့် " ပြွတ် " ဟူသည့်အသံနဲ့အတူ
ကျွန်တော့်နှုတ်ခမ်းကို
တစ်စုံတစ်ခုလာထိသည့်အထိအတွေ့ ..

" Morning Kiss Bae ..
ကိုယ်တော့အားရှိသွားပြီ "

လိုချင်တာရသွားသည်မို့
စပ်ဖြီးဖြီးမျက်နှာနှင့်ChanYeolရယ်ပါ ..

ဒါလား .. တစ်ကျောင်းလုံးကြောက်ရတဲ့
Gangster ရုပ်..
ကျောင်းကလူတွေကိုအခုချိန်ဖြစ်နေတဲ့
ChanYeolမျက်နှာကိုခေါ်ပြချင်မိသည်။

ကြောင်ရပ်ကာအတွေးများနေတဲ့
ကျွန်တော့်ကို နောက်တခါ လာပြွတ်သွားတော့
ကျွန်တော့်လက်သီးဆုပ်များက
သူ့လက်မောင်းဆီ ..။

စိတ်ရှိသလောက်ထုလိုက်သော်လည်း
ChanYeolမျက်နှာတစ်ချက်မပျက် ..
ပြုံးပြီးစိုက်ကြည့်နေသည်မို့
လူကရှက်လာကာ အရှေ့သို့အမြန်လှည့်လိုက်ရသည်။

တကယ် .. Park ChanYeolကြီးကဘာကြီးမှန်းမသိ!!
လူကိုရှက်အောင်အမြဲစိုက်ကြည့်နေတယ် ။

အတန်ကြာသည့်အထိလဲ
စိုက်ကြည့်နေတာမို့
လူက ပါးပြင်တွေတောင်ပူလာသယောင် ။

" ဒီတစ်နေ့လုံးသွားဖို့ရော
အစီအစဉ်ရှိပါသေးရဲ့လား Park ChanYeol Ssi "

ကျွန်တော်မေးလိုက်တော့
သူကကျွန်တော့်မျက်လုံးတွေကို
တည့်တည့်စိုက်ကြည့်လာသည်။

Dating With A GangsterWhere stories live. Discover now