[ 2 ]

8.9K 941 10
                                    

Unicode

ဘာမှကြီးကြီးမားမားသိပ်မဖြစ်သော်လည်း
လက်အနည်းငယ်ပွန်းသွားသည် ။

သွေးအနည်းငယ်ယိုထွက်နေသော လက်မောင်းကိုကြည့်ရင်း ..

" hummm .. ငါတောင်သွေးထွက်သွားတာ Park Chan Yeolကောအဆင်ပြေပါ့မလား "

ထိုင်နေရာကနေ အမြန်ထလိုက်ရင်း
အခန်းဆီကိုသာ ဦးတည်သွားမိတော့သည် ။

" Baekhyun ! "

YooJungရဲ့ခေါ်သံအဆုံး တစ်ခန်းလုံးရဲ့အကြည့်က ကျွန်တော့်ထံတွင် ။ ရိုးရိုးတန်းတန်းကြည့်သည်မဟုတ်ပဲ စူးစိုက်ပြီးကြည့်နေကြသည်မို့ မနေတတ်။

ChanYeolကိုကြည့်လိုက်တော့လဲ ..
ခုံပေါ်မှောက်ပြီးအိပ်နေသည်။ Kim Jong In
ဆိုသော တစ်ယောက်ကတော့ ဘယ်ရောက်နေသည်မသိ ။

" အင်း YooJung "

အခန်းထဲကိုခပ်တည်တည်ပင်ဝင်လိုက်ပြီး YooJungဘေးခုံက ကျွန်တော့်နေရာတွင် ဝင်ထိုင်လိုက်သည် ။

" နင်တော့သေတော့မှာပဲ "

ကျွန်တော့်ဘက် ခါးကိုင်းကာ ခပ်တိုးတိုးပြောလာသောYooJung၏စကားအဓိပ္ပါယ်အား နားမလည်

" ဘာကို ? "

" နင်လှေကားပေါ်က ချော်ကျတာ .. ChanYeolကိုလှမ်းဆွဲလိုက်လို့ နှစ်ယောက်လုံး ပြုတ်ကျ သွားတယ်မလား ? "

" နင်ဘယ်လိုလုပ်သိတာလဲ "

" ငါတင်မဟုတ်ဖူး .. တစ်ကျောင်းလုံးသိသွားပြီ "

" ဘာ ?!! "

" အဖြစ်အပျက်ကိုအစအဆုံးမြင်တဲ့တစ်ယောက်က Videoရိုက်ထားတာကို ကျေုာင်းက Pageမှာ
တင်လိုက်တာလေ "

YooJungစကားအဆုံး ဖုန်းကိုအမြန်ထုတ်ပီး
Pageမှာဝင်ကြည့်တော့ အမှန်ပင် အဖြစ်အပျက်အစအဆုံး Video ..

" အဲ့တာကြောင့် သူတို့ငါ့ကို ကြည့်နေတာလား ? "

" အင်းပေါ့ .. နင်သတိ သာထားတော့ .. ဒီကျောင်းမှာတက်နေတဲ့တော်တော်များများက ChanYeolကို ပစ်ကြွေနေတာ ..။ နင်လုပ်လို့ ChanYeolပါ လိမ့်ကျတယ်ဆိုပြီး ဒေါပွနေလောက်ပြီ "

" Chan .. ChanYeolကောဘာဖြစ်သွားသေးလဲ "

" တော်တော်ခိုက်မိသွားတယ်လေ ။ ခြေထောက်ကောလက်မှာကောသွေးတွေ "

Dating With A GangsterWhere stories live. Discover now