[ 18 ]

2.9K 299 44
                                    

Unicode

(62) missed call from MyRomeo!

ဘာလုပ်ရမှန်းမသိဘဲ ဖုန်းမျက်နှာပြင်ကိုကြောင်ကြည့်နေတုန်း ထပ်မံလင်းလာတဲ့ ဖုန်းမီးရောင်နဲ့အတူ My Romeoဆိုသော Contactက ထပ်မံပေါ်လာသည် ။ တုံ့ဆိုင်းမနေဘဲ Answerကိုနှိပ်လိုက်တော့ ChanYeolအသံက ချက်ချင်းထွက်ပေါ်လာတယ် ။

" bae ? တော်သေးတာပေါ့ကွာ
ကိုယ်ကတစ်ခုခုဖြစ်နေတယ်ထင်ပြီး
ခုတင် အိမ်ကထွက်လာတော့မလို့ "

Wait what???
ဒါကတော့ChanYeolပိုသည်ဟုထင်လျှင်ကျွန်တော်မမှားနိုင်ပေ ။  ကျွန်တော်အိမ်ပြန်ရောက်တာ တစ်နာရီတောင်ရှိသေးတာမဟုတ်ဖူးလေ ။ နဂိုတည်းက Park ChanYeolကချစ်ပြီဆိုသဲသဲလှူပ်တဲ့typeမျိုးများလား?

" bae ??? "

ChanYeolအသံကထပ်မံထွက်ပေါ်လာမှ ကျွန်တော့်အတွေးစတွေရပ်တန့်ကုန်ရတော့သည် ။ မရပ်လို့လည်းမရ ။ တော်ကြာ ဖုန်းပြောရင်း အသံမကြားရလို့ စိတ်အပူလွန်ပြီးအိမ်ထိရောက်လာမှဖြင့် အဖေရောSehunနဲ့ရောတွေ့ပြီး ရှင်းမရ ပြုမရတွေဖြစ်ကုန်ဦးမည် ။ Park ChanYeolနဲ့ သိပ်ခက်တယ်

" အော် အင်း Chan
ငါဘာမှမဖြစ်ပါဖူး စိတ်မပူနဲ့နော် "

ကျွန်တော်ပြောလိုက်မှ ဖုန်းထဲကနေ သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရသည် ။ စ်ိတ်ပူတာတွေ သက်သာသွားသလိုမျိုး ရင်ဘတ်ထဲကအလုံးကြီးကျသွားသလိုမျိုး အဲ့လိုအသံ ။ တစ်ကယ်ကို ChanYeolစိတ်ပူနေခဲ့တာပဲ ။

" အိမ်ရောက်တော့Sehunနဲ့စကားပြောနေမိလို့ ဖုန်းကလည်း Silentလုပ်မိသွားတယ် နောက်ဆိုအသံမပိတ်ထားတော့ဖူးလေနော် "

ChanYeolထံမှအသံထွက်မလာတော့ ကျွန်တော်ကပဲ အကြောင်းအရင်းကိုရှင်းပြလိုက်ရတယ် ။ အသံကိုအတတ်နိုင်ဆုံးပျော့နိုင်သလောက်ပျော့အောင်လုပ်ပြီး BaekHyunရဲ့ ဒီချစ်စရာကောင်းလွန်းတဲ့Park Chanစိတ်ပူတာတွေပြေပျောက်ဖို့ရာ ကြိုးစားမိနေပြန်တယ် ။

" Sehun ? "

" အော် ငါ့ညီလေးလေ အရင်းတော့မဟုတ်ဖူးပေါ့ "

ChanYeolဆီက အမေးစကားသံထွက်လာတော့ ထပ်မံပြီးရှင်းပြလိုက်ရသေးတယ် ။ ဒီလိုနဲ့ ကျွန်တော်တို့ဖုန်းပြောဖြစ်ခဲ့ကြတာ တစ်ညလုံးပဲ ။

You've reached the end of published parts.

⏰ Last updated: Jun 06, 2020 ⏰

Add this story to your Library to get notified about new parts!

Dating With A GangsterWhere stories live. Discover now