[ 7 ]

9.2K 1K 75
                                    

Unicode

"မနေ့ကနင်
နင့်စက်ဘီးကိုမေ့သွားတာလား"

YooJung ကသူ့ထိုင်ခုံနေရာကနေလှမ်းပြီး
ကျွန်တော့်ကိုမေးနေသည်။

"…မမေ့ပါဘူး။
ငါကဦးနှောက်ကောင်းပါတယ်ရော်"

"ဘာလို့ကျန်ခဲ့တာလဲ"

"မနေ့က…ငါ့ကို ChanYeol လိုက်ပို့တာ။"

ကျွန်တော့်အသံက အဆုံးမှာနည်းနည်းလေးတိုးသွားတာကို
ကျွန်တော်ကိုယ်တိုင်တောင်သတိထားမိသည်။

"နင်အဲ့ ChanYeolနဲ့ ဝေးဝေးနေသင့်တယ်
နင်က ChanYeol နဲ့နီးအောင်နေလေ..နင့်အတွက်
ပြဿနာပိုရှုပ်လေပဲ…။ "

"…"

သူမပြောတာတွေကိုဘာမှပြန်မပြောမိ…။
သူမပြောတာတွေက တကယ်လည်းမှန်နေတာပဲ။
ခေါင်းသာငြိမ့်ပြမိသည်…။

"Bling Bling "

အတန်းခေါင်းဆောင် မှန်ကြောင်ကောင်က
BaekHyun နားကိုဖြတ်လျှောက်ရင်း
ရွဲ့သည့်လေသံနှင့် တိုးတိုးလေးရေရွတ်သွားသည်။

JongIn ကခဏနေတော့အတန်းထဲဝင်လာသည်။
ChanYeol ကိုမတွေ့သေး..။ သူ့ကို
တွေ့လိုတွေ့ငြား မသိမသာကော သိသိသာသာကော
လိုက်ကြည့်နေမိသည်။
ဘာလို့ရှာမိမှန်း လည်းကိုယ့်ကိုကိုယ်တောင်မသိ။

"လိုက်ကြည့်မနေနဲ့…ChanYeol ကဒီနေ့ကျောင်းမလာဘူး"

JongIn ကကျွန်တော့်နားကိုကပ်ပြီးပြောသွားသည်။
ကျွန်တော်လည်းမကြားချင်ယောင်ဆောင်ပြီး
စာရွက်တွေကိုသာလှန်နေမိသည်။
သူကျောင်းမလာတာ ကျွန်တော်နဲ့ဘာဆိုင်တာကြ…။

****

ဆရာလည်းထွက်သွားကော ကျောင်းသားတွေက
သူ့ဟာနဲ့သူ …အတန်းထဲကထွက်သွားကြသည်။

တစ်တန်းလုံးမှာ YooJung ရယ် ။ ကျွန်တော်ရယ်
JongIn ရယ်နောက်ထပ်
ယောက်ကျားလေးနှစ်ယောက်နဲ့
မိန်းကလေးတစ်ယောက်လောက်သာကျန်ခဲ့သည်။

"ငါနဲ့လိုက်ဦးမလား… BaekHyun…"

ကျွန်တော်ခေါင်းယမ်းပြလိုက်တော့ YooJung က
"အိုခေ…" ဟုသာပြောပြီးအတန်းထဲကထွက်သွားသည်။

Dating With A GangsterWhere stories live. Discover now