[ 14 ]

8.4K 1K 172
                                    

Unicode

ဒီရက်ပိုင်း စက်ဘီးနှင့်မသွားချင်သည်မို့ ..
ဒီနေ့လဲ ကျောင်းသို့လမ်းလျှောက်ပြီးသာ
လာခဲ့သည်။

ChanYeolနှင့်အမှတ်တရရှိဖူးတဲ့..
ဆာကူရာလမ်းထဲရောက်တော့
စိတ်ကမခိုင်းစေပါပဲအလိုလျောက်
ပြုံးမိသွားသည်။

အိတ်ကပ်ထဲထည့်ထားသည့်ဖုန်းက
အသံမြည်လာသည်မို့
ကောက်ကိုင်လိုက်တော့

ထင်သည့်အတိုင်း
ChanYeol၏ ဩရှရှ အသံကို
ကြားလိုက်ရသည်။

" Hello Bae .. "

Eeeee ဒါဘယ်လိုတောင်
အသဲယားစရာကောင်းလိုက်တဲ့
အသုံးအနှုန်းပါလိမ့် ။

အသည်းတင်မက အူတွေပါ
လှိမ့်ယားလာသည်။

" အင် .. အင်း ပြောလေ "

တခုခုပြောစရာရှိနေပုံရတဲ့ChanYeolကို
စကားထောက်ပေးလိုက်တော့ ..
သူပြန်ပြောလာသည်က

" ခနလောက် အနောက်လှည့်ကြည့်လိုက် " တဲ့..

ဖုန်းကိုနားကနေမခွာသေးပဲ
လှည့်ကြည့်လိုက်တော့
ကားထဲကနေထွက်လာပြီး
ကျွန်တော့်အားလက်ဝှေ့ယမ်းပြနေသည်။

" ဘယ်ကနေဘယ်လို ... ? "

အနည်းငယ်လှမ်းနေတဲ့အကွာအဝေးမို့..
ဖုန်းထဲကနေပဲလှမ်းမေးမိလိုက်၏..

" မနက်တည်းက Baeအိမ်ရှေ့စောင့်နေတာ ..
လမ်းလျှောက်ထွက်လာတာမြင်တော့ လှမ်းခေါ်မလို့ပေမဲ့..
Baeအိမ်က လူတွေမြင်မှာစိုးလို့ ..
အခုမှခေါ်လိုက်တာ "

အဖြစ်အပျက်တွေကို တခုချင်း
ရှင်းပြနေတာတော့ဟုတ်ပေမဲ့
Baeဆိုသော စာလုံးကြီးပါလာတာကတော့
နဲနဲနေရခက်သည်။

အခုတော့ သူ့ဆီပဲခြေလှမ်းတွေလှမ်းလိုက်မိ၏..

ကျောင်း ရောက်မှပြောကြည့်ပါဦးမယ်လေ .. ။

***

" Bae မနက်စာစားပီးပီလား ? "

" အင်း... "

" ကိုယ်တော့မစားရသေးဖူး ..
Canteenမှာစားမလို့ Bae လိုက်ခဲ့မယ်မဟုတ်လား ? "

" အင်းလိုက်ခဲ့မယ်လေ ! "

" Bae ဒီနေ့အင်္ကျ ီအရောင်လေးနဲ့
လိုက်တယ်သိလား Bae "

Dating With A GangsterWhere stories live. Discover now