1.

33.1K 916 21
                                    


Zawgyi....

ဘဝမှာ အရာအလုံးပြည့်စုံတဲ့ လူသားဆိုတာမရှိပါဘူး။

ဒီစကားအတိုင်းပါပဲ၊ အရာရာပြည့်စုံ
တယ်ထင်ရတဲ့ အရိပ်စစ် ရဲ့ဘဝက အရာအလုံးပြည့်စုံနေတာတော့မဟုတ်ခဲ့ဘူး။
၁၀တန်းမှာကတည်းက တွဲလာကြတဲ့ အရိပ်စစ်ရဲ့ချစ်သူ သစ္စာရှင်နဲ့လည်း ၊ လူတွေအားလုံးအားကျမနာလိုကြတဲ့အထိ ခိုင်မြဲခဲ့ကြတယ်။အခုလို တက္ကသိုလ် နောက်ဆုံးနှစ်ရောက်တဲ့အထိပဲ ဆိုပါတော့...

တစ်သက်လုံးအလုပ်မလုပ်ပဲထိုင်စားရင်
တောင်မကုန်နိုင်တဲ့ ငွေပမာဏလည်း အရိပ်စစ်က ပိုင်ဆိုင်ထားသေးသည်။ဒါ့အပြင် အရိပ်စစ် ဆိုရင် မျက်နှာတစ်ချက်အညိုးမခံနိုင်တဲ့ ဦးလေးတစ်ယောက်ကိုလည်း သူက ပိုင်ဆိုင်ထားသေးတယ်။

သို့ပေမဲ့....ညီအကိုမောင်နှမအရင်းအချာ
မရှိတဲ့ စစ် မှာ မိဘတွေလည်းသက်ရှိထင်
ရှားရှိမနေတော့ပါဘူး~

အရိပ်စစ် ၂နှစ်သားအရွယ်လောက်က မိဘနှစ်
ပါးလုံး ကားတိမ်းမှောက်မှုနှင့်အသက်ဆုံးရှုံး
သွားသည်မို့ စစ် ရဲ့တစ်ဦးတည်းသော ဦးလေး
မုဏ်း ကသာ စစ် ကိုသားအရင်းလိုစောင့်
ရှောက်ရင်း လူပျိုကြီးလုံးလုံးဖြစ်လို့နေလေ
သည်~

ရုပ်ရှင်တွေ စိတ်ကူးယဉ်ဝတ္ထုတွေထဲကလို
မိဘမဲ့လူချမ်းသာလေး အရိပ်စစ် တစ်ယောက်၊
ဆိုးသွမ်းရမ်းကားခြင်းမရှိခဲ့~

စစ် ရဲ့ဖေဖေက အမေရိကန်ကပြား တစ်
ယောက်မို့ အဖေတူသော စစ် ကအသား
ဖွေးဖွေး နှာတန်ချွန်ချွန်နှင့် ကော်ဖီရောင်
မျက်ဝန်းအိမ်တို့က စစ် မျက်နှာကိုပုံဖော်
သည် ခပ်အုပ်အုပ်ဆံပင်လေးကို အညို
ရောင်တောက်တောက်ဆိုးထားပြီး နား
ကပ်တွဲလောင်းတစ်ဖက်ပန်တက်သော စစ်
က ယခုခေတ်မိန်းကလေးများ၏ အချစ်
တော်တစ်ဦးဖြစ်နေသည်~

ဝါး......

ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လို့လာ
သော နေရောင်ခြည်နုနုကို လက်တစ်ဖက်
နှင့်ကာရင်း တဝါးဝါးသန်းကာ စစ် အိပ်ယာ
ထက်မှဆင်းလိုက်သည်~

အိပ်ယာ နားဘေးမှ နာရီကိုကြည့်မိတော့ ၈
နာရီတိတိသို့ညွှန်ပြနေပြီမို့ အချိန်မစော
တော့ကြောင်းနားလည်ကာ ၊ပြင်ဆင်စရာ
ရှိသည်များ ပြင်ဆင်လိုက်သည်~

Replace(completed)Where stories live. Discover now