12.

6.6K 460 4
                                    

Zawgyi.... 

မိုးစက်တစ်ချို့ ထိတွေ့မှုကြောင့် အင်းယား
ကန်ရေရဲ့မျက်နှာပြင်က လှိုင်းကြက်ခွပ်တို့
ဖြစ်ပေါ်လို့နေသည်~
တွဲလွဲကျနေသည့် ခြေနှစ်ချောင်းအား လိမ်ရင်း
လွှဲနေလိုက်သည်~
ကန်ရေပြင်ထက် ပို့လို့ထားသည့်အကြည့်တို့ကို
လွှဲယူကာ နဘေးမှတုတ်တုတ်မလှုပ်သည့် လူ
ကြီးအားကြည့်မိရာ မိမိအား မျက်တောင်မခက်
တန်းစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်~

ဒီလူကြီး ဒီအတိုင်းပဲထိုင်ကြည့်နေတော့မှာလား
မတွေ့ရတဲ့ရက်တွေအတွင်းမှာ စစ်ကိုပြောချင်
နေမည့် စကားတွေရှိမနေဘူးလား~
စစ် ကြည့်နေရင်းပင် အားမလိုအားမရဖြစ်လာ
သည်~
သူ့ကိုယ်သူလည်း ဘာကိုအားမရမှန်းမသိတော့ပါ~
တစ်ကယ်ဆို ထိုလူကြီးနဲ့စစ်က မတွေ့တာကြာတဲ့ရည်းစားတွေလည်းမဟုတ်၊ ကမ်းခြေမှာ တစ်ခါလောက် ဆုံခဲ့ဖူးတဲ့ သူစိမ်းတွေပဲလေ ဒါကို စစ်ဘက်က သက်သက် အတွေးများနေတာ~

စစ်က သက်ပြင်းသာ ခပ်ကျယ်ကျယ်ချလိုက်ပြီး
နှုတ်မဆက်ပဲထပြန်ရန်ပြင်သည်~ထိုအ
ချိန်ရောက်မှသာ ခွန်းသစ်စ လှုပ်လှုပ်ရွရွဖြစ်လာသည်~

"တစ်ယောက်ထဲလား ဂျစ်တူးလေး"

စစ် မသိမသာလေးပြုံးလိုက်မိသည်~'ဂျစ်တူး
လေးဟူသော.နာမ်စားငယ်သည် စစ်အားအ
ရင်လို စိတ်အနှောက်အယှက်ဖြစ်မနေသည့်အ
ပြင် အပြုံးတစ်ခုကိုပါ ဆင်မြန်းပေးခဲ့သည်~
သူဘာကြောင့် ပြုံးလိုက်မိသလဲတောင် စစ်သေ
ချာမသိတော့ပါ~

"မြင်တဲ့အတိုင်းပဲလေ....

စစ်ရဲ့ဂျစ်တစ်တစ်အပြောလေးကြောင့် ခွန်းသစ်စ ပြုံးလိုက်သည်~စစ်ကဆက်မသွားသေးပဲ
ရပ်နေတာကြောင့် ခွန်းသစ် ဆက်မေးလိုက်
သည်~

"ကားပါလား....ဂျစ်တူးလေး....."

စစ် အဖြေမပေးပဲငြိမ်နေလိုက်သည်~ဒီလူကြီး
နဲ့တွေ့ရင် စစ်ပိုပြီး ဂျစ်ချင်ဆိုးချင်ပါသည်~

"မပါဘူးထင်တယ်....လာကိုယ်လိုက်ပို့ပေး
မယ်...."

ကားမမောင်းချင်လို့ Taxi စီးလာမိတာ စစ်
အတွက် ကံကောင်းသည်လား၊ကံဆိုးသည်လား
မသိတော့ပါ~
ပြောပြီးတာနဲ့ အရှေ့ကလျှောက်သွားတဲ့ လူကြီး
နောက်ကို စစ် ခပ်မှန်မှန်ခြေလှမ်းများနဲ့သာ
လိုက်သွားလိုက်သည်~

Replace(completed)Where stories live. Discover now