27.

4.5K 307 13
                                    

Zawgyi.. .

စာမေးပွဲဖြေရန် ရက်၂၀ သာလိုပါတော့
သည် ဆိုသော Facebook ပေါ်က post
တစ်ခုကြောင့် မနက်ကစလို့ အရိပ်စစ်
စိတ်တို့လေးလံလာသည်.....

မနက်စာကို မထိတထိစားပြီးသည့် နောက်
တွင်TVရှေ့က ဆိုဖာပေါ်မှာ ခြေနှစ်ချောင်း
အပေါ်တင်ကာ ဒူးပေါ်မေးထောက်လျက်
မှိုင်တွေနေမိတော့သည်....
မှိုင်တွေနေရခြင်း အကြောင်းသည် ဤတစ်
ခုတည်းကြောင့်တော့ မဟုတ်....

ညကမအိပ်ခင် တတိယအကြိမ်မြောက်
ကြည့်သည် ဖြစ်သော The Moon That
Embraces The sun ဆိုသည့် ဇာတ်ကား
ကြည့်ပြီးနောက် တွေးတွေးပြီးငိုကာ အိပ်
ပျော်သွားပြီးနောက် အိမ်မက်ထဲတွင် မေ
မေနဲ့ဖေဖေသည် သူ့အား ပစ်သွားသည်ဟူ၍
မြင်မက်ခဲ့သောကြောင့် အိမ်မက်မှလန့်နိုး
လာသော သူသည် မျက်နှာပြင်အပြည့်
မျက်ရည်များ စိုရွှဲလို့နေခဲ့သည်......

အိပ်ယာထဲမှ ယူလာသည့် စောင်ကို ပု
ခုံးအပေါ်မှ တစ်ကိုယ်လုံး လုံအောင်
လွှမ်းခြုံထားပြီ ဒူးပေါ်အပ်ထားသည့်
မျက်နှာအား ပို၍ ဝှက်လိုက်မိသည်...

"သခင်လေး.....အကိုလေး လာတယ်
....ကြီးပျို ဈေးခဏသွားလိုက်အုန်းမယ်
သိလား...မကြာဘူး မြန်မြန်လေးပြန်
လာခဲ့မယ်...."

"ဟုတ်~~~~~~"

မပွင့်တပွင့်၊လေးပင်တဲ့ အသံနဲ့ အရိပ်စစ်က
တုန့်ပြန်စကားဆိုကာ ငြိမ်သွားပြန်သည်...

"စစ်~ကလေး ဘာဖြစ်လို့လဲ မနက်က
တည်းက မျက်နှာ မလန်းဘူးလို့ ကြီးပျို
ပြောတယ်...နေမကောင်းဘူးလား...."

"ဟင့်အင်း....."

ခေါင်းမဖော်ပဲ အဖြေပြန်ပေးလာတဲ့ စစ်
အနားလေးကို ပိုပြီးကပ်ထိုင်လိုက်ကာ၊
အရိပ်စစ် ခေါင်းလေးကို ခွန်းသစ်က ခပ်ဖွဖွ
ပွတ်ပေးလိုက်သည်....

"ဘာဖြစ်နေလို့လဲ...ကိုယ်ဘာလုပ်ပေးရ
မလဲ...ကိုယ့်ကို ပြောပြလေ..ဘာစားချင်
လည်း ကိုယ်ဝယ်ကျွေးမယ်...ဘာလိုချင်လို့
လဲ ကိုယ်အခုသွားဝယ်ပေးမယ်လေ...ဟမ်"

"ဦးခွန်း....."

မျက်နှာငယ်လေးနဲ့ မော့ကြည့်လာကာ
ခပ်နွမ်းနွမ်းအသံလေးကြောင့် ခွန်းသစ်
စိတ်အတော်ပူလို့သွားသည်....

Replace(completed)Where stories live. Discover now