37.

4.6K 298 12
                                    

Zawgyi....

အရိပ်စစ်တို့ ကော်ဖီဆိုင်လေးထဲမှာ ထောင့်
ကျကျခုံကို ရွေးထိုင်လိုက်ပြီး ထိုင်ကတည်း
က နှစ်ဦးစလုံး တိတ်ဆိတ်နေကြသည်...

အလွန်အကြူးငိုထားမိသည်ကြောင့် အရိပ်
စစ် ထံမှ ရှိုက်သံသဲ့သဲ့ တစ်ချက်ချက်တွင်
ထွက်ပေါ်လို့လာသည်..

"ကျွန်တော့်ကို ဘာလို့မရှင်းပြခဲ့တာလည်း.."

အရိပ်စစ်က ခွန်းသစ်စအား လှည့်မကြည့်
ပါပဲ ခပ်တိုးတိုးစကားစလေသည်...

"ကိုယ် ကလေးကိုရှင်းပြဖို့ကြိုးစားခဲ့ပါသေး
တယ်...ဒါပေမဲ့ကလေးက....ဟင်း~~~ထား
ပါတော့ လက်လျော့ဖို့ကြိုးစားလိုက်တဲ့ ကိုယ်
ပဲ တစ်ကယ်တော့ မှားခဲ့တာပါ..."

"အဲ့ဒီနေ့က အဖြစ်အပျက်တွေကသိပ်မြန်လွန်း
တယ်..မေမေတို့နဲ့အတူနေတဲ့ ကိုယ့်ဦးလေး
အငယ်ဆုံးရောက်လာပြီး..ကိုယ့်ကိုယ်ပြော
တယ်...မင်းအမေနေမကောင်းဘူး အခုချက်
ခြင်းမင်းကိုတွေ့ချင်နေတယ် လေယာဉ်လက်
မှတ်ရော ငါစီစဉ်ပြီးပြီ ကုမ္ပဏီကို စိတ်မပူနဲ့
ဦးလေး စီမံလိုက်မယ်တဲ့....ဦလေးပြောပြတဲ့
ပုံအရ မေမေက အတော့်ကိုအသဲအသန်ဖြစ်
နေပုံပဲ...ဘယ်လောက်ပဲ ကတောက်ကဆ ဖြစ်
ထားပေမဲ့ ကိုယ့်အမေပဲလေ..."

အပြင်ဖက်ပို့ထားတဲ့ အကြည့်တွေကို ဆယ်
ယူကာ ခွန်းသစ်စ ထံသို့ အရိပ်စစ် အကြည့်
ပို့လိုက်သည်....

"ကိုယ်ပူထူနေတာနဲ့ပဲ ကလေးကို ဆက်သွယ်
ဖို့မကြိုးစားမိခဲ့ဘူး နောက်မှ အဲ့တာမှားသွား
မှန်း ကိုယ်သိလိုက်ရတာ....ကိုယ်တစ်ကယ်
ရှော့ရသွားတာ...ဟိုရောက်တော့ မေမေက
အကောင်းအတိုင်းပဲ ပြန်ကောင်းလာတာလို့
ပြောပေမဲ့ ရက်နည်းနည်းအကြာမှာ မေမေ
ရုပ်ရှင်ရိုက်နေမှန်း ကိုယ်သိခဲ့တာ..."

"ဘာလို့လည်း...."

အရိပ်စစ်ထံက ပထမဆုံး စကားသံထွက်
ပေါ်လာချိန်မှာ ခွန်းသစ်စက သူ့ကို ကြည့်
ရင်း ပြုံးပြလိုက်သည်က အလွန်နွေးထွေး
လွန်းလှသည်....

"ကိုယ့်ကိုယ် အတင်းအကျပ် အိမ်ထောင်
ပြုပေးမလို့်ပဲ...အရင်တစ်ခေါက်ကလည်း
အဲ့ဒီကိစ္စနဲ့ပဲ မေမေနဲ့စကားများပြီး ကိုယ်
အိမ်က ထွက်လာခဲ့တာ....မေမေက ရော
ဂါအကြောင်းပြပြီး စေ့စပ်တဲ့အထိ ဖန်တီး
ပြီးပြီ လက်ထပ်တဲ့နေ့မှ မေမေ့ရောဂါမ
ဟုတ်မှန်း ကိုယ်သိလို့ ပွဲဖြတ်ဖို့စီစဉ်နေတုန်း
မှာပဲ ကိုယ့်နဲ့လက်ထပ်မဲ့ မိန်းကလေးက
သူ့ရည်းစားနောက်လိုက်သွားတယ်တဲ့လေ
ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ ဟားဟား..."

Replace(completed)Where stories live. Discover now