3.

10K 621 16
                                    

Zawgi......

သုံးနာရီလောက်မောင်းပြီးချိန်မှာတော့
သူတို့ရဲ့ကားလေးက ချောင်းသာကမ်းခြေ
သို့ ရောက်ရှိလို့လာသည်....

"ဒီမှာကောင်လေး...မင်းဆင်းမှာလား
တံခါးဖွင့်ပြီးကားပေါ်က ငါကန်ချလိုက်
ရမလား..."

အတင်းလှုပ်နှိုး ခြင်းခံနေရသည့်အပြင်
ဂရုဏာရှင်ဆန်ဆန်အပြောများကြောင့်၊
အိပ်ချင်နေဆဲမျက်လုံးများကို အတင်း
ပြူးပြဲရင်းကြည့်တော့မှ၊ ကမ်းခြေပင်ရောက်
နေလေပြီဖြစ်သည်။ ကားပေါ်မှာတော့ သူနဲ့လူ့ဂွ
စာနှစ်ယောက်ထဲသာ....

ကားတံခါးကိုဆွဲဖွင့်ရင်းဆင်းလိုက်တော့
ညအချိန်ကမ်းခြေရဲ့ ခပ်အေးအေးလေ
ထုက တီရှပ်လက်ရှည်ပေါ်ဆွယ်တာ ထပ်
လို့ထားသည့် သူခန္ဓာကိုယ်လေးအား အ
နည်းငယ်ကျုံ့ကွေးစေသည့်အပြင် လေနု
နုကြောင့်အိပ်ချင်စိတ်က ပို၍ကြီးထွားလာ
သည်မို့ အနီးအနားသို့ရောက်လာသော
သစ္စာပုခုံးထက်၊ သူ့ခေါင်းကိုမှီရင်း လက်
တစ်ဖက်အားမှီတွဲထားလိုက်သည်.........

"ခ်ခ် ကိုကလည်းကလေးလေးကျနေတာ
ပဲ အိပ်ချင်နေတုန်းပဲလား...."

သစ္စာပုခုံးထက်သူ့ခေါင်းလေးကို ခပ်လေး
လေးသာ လှုပ်ပြဖြစ်သည်.....

ဧည့်ကြိုနေရာရောက်တော့ လူဂွစာကြီး
နှင့်ပြည့်စုံ ကသာဦးဆောင်အခန်းဌားနေ
သည်ကို စင်းနေသောမျက်လုံးများအောက်
မှတွေ့လိုက်ရသည်.....

"ပြီးပြီ လာ သွားကြမယ် ဟိုကောင်ညီထွဠ်
လာ အဲ့မှာမှီပြီးအိပ်မနေနဲ့...အခန်းထဲ
ရောက်မှသေချာအိပ်တော့ ၊အေးချမ်း အဲ့
ဒီကောင်ကို တစ်ချက်လောက်ဆွဲစိတ်
လိုက်စမ်းပါ မျက်လုံးကျယ်သွားအောင်လို့"

"ကားသော့ ငါ့ကိုပေးထားလိုက် မနက်သွား
ယူပေးလို့ရအောင်...."

"ဟာ...အဲ့လိုလုပ်ပေးလို့ရလားအကို...
ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်.......
စစ် ကားသော့ပေး..."

"ဟင်...အင်း....ဒီ ဒီမှာ..."

စစ် အိပ်ချင်မူးတူးနှင့်ပင် ဟိုစမ်းဒီစမ်းလုပ်
ရင်း ပါလာသော သော့လေးကိုလှမ်းပေး
လိုက်သည် မျက်လုံးများကတော့မဖွင့်သေး

Replace(completed)Where stories live. Discover now