34.

4.3K 302 16
                                    


Zawgyi.....

အဖြူရောင်ပုံရိပ်တစ်ခုဟာ မိမိမျက်စိ
ရှေ့မှာပဲ နာကျင်စရာကောင်းလှစွာ ကျော
ခိုင်းထားခဲ့သည်...

လေပြေတို့တိုက်ခိုက်ရာ လမ်းကြောင်း
အတိုင်း အနက်ရောင်တိုနှံ့နှံ့ဆံနွယ်တို့
နှင့် ဖွေးဆွတ်သောအဖြူရောင် အင်္ကျီစ
တို့ လွင့်မျောနေကြသည်...

"ဒါနောက်ဆုံးအကြိမ်ပဲ ကျွန်တော်.....
ဖက်ထားခွင့်ရှိတယ် မဟုတ်လား....."

ခွင့်ပြုချက်အား စောင့်ဆိုင်းဖို့ရန် စိတ်
ကူးမရှိသည့်အလား၊ စကားသံဆုံးသည်
နှင့် ကျောပြင်ကျယ်အား ဖတ်တွယ်မိ
သည်...

နောက်ပြန်လှည့်ကြည့်ဖို့တောင် ငြင်းဆန်
နေတဲ့ သူက
သူ့ခါးထက် ခပ်တင်းတင်း ရစ်သိုင်းထားတဲ့
ကျွန်တော့်လက်တွေကို တုံ့ဆိုင်းခြင်းမရှိ
ဖယ်ချပြစ်ပြန်သည်.....

"ကျွန်တော့်ကို~ကျွန်တော့်ကိုဆက်ချစ်နေ
အုန်းမယ် မဟုတ်လား...."

တစ်ဖက်သက် ကျွန်တော့်တောင်းဆိုသံ
တွေကလွဲလို့
သူဟာ တိတ်ဆိတ်နေပြန်တယ်....

တရားလွန် ကြေကွဲခြင်းတွေမှာ ခင်ဗျား
ဂရုမစိုက်တဲ့ တစ်ဖက်သတ်ချစ်ခြင်းတရား
တွေဟာ အနူးအညွတ်ဒူးထောက်နေရတယ်...

"ကျွန်တော်....."

ရင်ဖက်ထဲက ဆို့နင့်မှုတွေက လည်ချောင်း
ဝက စကားသံတို့ကို ပြိုကွဲ ဖျတ်ဆီး စေနိုင်
သည်.....

အဖြူရောင် သူ့ကျောပြင်က အင်္ကျီစမှာ
ကျွန်တော့်မျက်ရည်တွေ ရွှဲနစ်လို့နေတယ်..

"ကိုယ်မင်းကို ချစ်ခဲ့ပါတယ် ဒါပေမဲ့
ကိုယ်မင်းကို ချစ်မပေးနိုင်တော့ဘူး.."

မဟုတ်ဘူး.....

တရွေ့ရွေ့ထွက်ခွာသွားတဲ့ အဖြူရောင်
ပုံရိပ်နောက် ပြေးမလိုက်နိုင်ခဲ့ဘူး
ဆွဲထားဖို့ စကားလုံးတွေ နှုတ်ခမ်းဖျား
က ထွက်ကျမလာခဲ့ပြန်ဘူး.....

ပြန်လာခဲ့ပါ...ကျေးဇူးပြုပြီး ကျွန်တော်
ခင်ဗျားကို လိုအပ်တယ် ပြန်လာပါ.......

အစိမ်းရောင် မြက်ခင်းပြင်ထက်မှာ အသံ
ပြာအောင်ပင် အော်ဟစ်ငိုကြွေးနေခဲ့ပေမဲ့...

Replace(completed)Where stories live. Discover now