32.

4.5K 317 12
                                    

Zawgyi....

ပျော်ရွင်စရာ အဆုံးသတ်နဲ့ နတ်သမီး
ပုံပြင်တွေလို၊ ကျွန်တော် ပြောင်းလဲလို့ရနိုင်
မလား.....

"သားငယ်...မနေ့ကတည်းက မျက်နှာ
မကောင်းဘူး ဘာလို့လဲ...အခွန်းပြန်
သွားလို့ စိတ်ဆိုးနေတာလား....သား
အကိုကြီးက သူ့မမနွယ် ဆေးရုံတင်လိုက်
လို့ သွားလိုက်ရတာလေကွာ...."

ဘာမှမသိတဲ့ ဦးငယ်ကတော့ ဧည့်ခန်း
ထဲမှာ ထိုင်မှိုင်နေတဲ့ အရိပ်စစ်ကို ဖြောင့်
ဖြဖို့ ကြိုးစားလို့နေတယ်....

"နောက်မှပဲ ထပ်ဖိတ်....အော်...ပြော
ရင်းနဲ့တောင် အခွန်းဖုန်းဆက်ပြီ....."

အရိပ်စစ် ရဲ့ ခန္ဓာကိုယ်လေးက မသိမသာ
လှုပ်ရှားသွားပြီး၊ ဦးငယ်ဖုန်းဖြေခြင်း
အား အာရုံစိုက်လိုက်မိသည်...

"အေးသား...အခွန်းပြော...."
"ဟေ....တစ်ကယ်လား....အေးပေါ့ကွာ
ဘယ်တက်နိုင်ပါ့မယ်...ဦးငယ်တို့ နောက်
မှအေးဆေး ထပ်ဆုံကြတာပေါ့...မင်းမမ
နွယ်ကိုပဲ ဂရုစိုက်လိုက်ပါ....."

သက်ပြင်းသဲ့သဲ့ ခိုးရှိုက်ကာ ဦးငယ်
ပြောလာမည့်စကားကို အရိပ်စစ် နား
ထောင်ရန် အသင့်စောင့်နေလိုက်သည်....

"အခွန်းက သူ့မမနွယ် အခြေအနေ စိုးရိမ်
ရတယ်တဲ့...ကိုရီးယား မှာပဲ ပြန်ကုချင်တယ်
ဆိုလို့ မနက်ဖြန် သွားရမယ်တဲ့..ကောင်မ
လေးက မွေးရာပါ နှလုံးအားနည်းတာတဲ့..
ဦးငယ် အထင် မမနွယ်ဆိုတာ အခွန်းအမျိုး
သမီးထင်တယ်နော်...."

"အင်း...."

အရိပ်စစ် ခပ်တိုးတိုး တုံ့ပြန်စကားဆိုကာ
ထောင်ထားသည့် ဒူးနှစ်လုံးကြားထဲသို့
ဦးခေါင်းပို၍ နှစ်လိုက်သည်....

ကျွန်တော် အဆင်မပြေဘူး ဦးငယ်ရယ်....

"အင်းအင်း....ဦးငယ် အလုပ်နောက်ကျ
တော့မယ်...သွားလိုက်အုန်းမယ်နော်..."

ဦးငယ်က လွန်ခဲ့တဲ့ နှစ်ကတည်းက
မြန်မာပြည်မှာပဲ အလုပ်တွေကို ပြောင်း
လဲလုပ်ကိုင်ခဲ့သည်...
အကြောင်းပြချက်ကတော့ အရိပ်စစ်အား
စိတ်မချသည် ဟူ၍ပင်.....

ဦးငယ်က စစ်အား သားတစ်ယောက်လိုပင်
နွေးထွေးမှုပေးကာ လိုအပ်သည်ထက် ပို၍
ချစ်မေတ္တာများ ပေးနိုင်သည်
ဦးငယ်ရှိ၍သာ အရိပ်စစ် ယခုလောက်ထိ
တောင့်ခံနိုင်ခြင်းပင်....

Replace(completed)Where stories live. Discover now