24.

5.3K 350 17
                                    

Zawgyi....

ထမင်းပန်းကန်ထဲက ထမင်းတွေကို
ဇွန်းထိပ်နဲ့ထိခပ်ရင်း အသံမြည်အောင်
တမင်လုပ်နေတဲ့ စစ်ရဲ့ မျက်နှာလေးက
ဆူပုတ်လို့နေသည်။

ဦးငယ်ရဲ့ သည်းသည်းလှုပ်အချစ်ခံ
ဒီကောင်လေးက သူ့အပေါ်ဂရုစိုက်
လေ ဆိုးချင်လေဆိုပေမဲ့ ခွန်းသစ်က
အပြစ်မမြင်သလို ဆူလည်းမဆူရက်ပါ။

"တစ်ကယ်မစားဘူးလား...."

အရှေ့က သူချက်ပေးထားတဲ့ မွှေးရနံ့တို့
လှိုင်နေသည့် ဟင်းသုံးခွက်ကို လျစ်လျူရှု
ကာ ထမင်းဖြူနဲ့ ပန်းသစ်တော်အား မိန်
ရေရှက်ရေစားသောက်နေသည့် အရိပ်စစ် သည်
သူ့အမေးအား မကြားသည့်နှယ် တစ်ခွန်း
တစ်လေမှပြန်မပြောခဲ့ပါ။အကြောင်းကား၊
မနေ့က သူလေး ရုပ်ရှင်လိုက်ပြခိုင်းသည်ကို
အလုပ်ကိစ္စကြောင့် ဖြတ်လိုက်ခြင်းကြောင့်
ကောက်စိန်လုပ်နေခြင်းပင်။

"နောက်တစ်ခေါက်တော့ တစ်ကယ်လိုက်
ပြပါ့မယ်ကွာနော်...ကလေးရာ ကိုယ်မ
အားလို့ပါဆို....."

သူ့အသံအနည်းငယ်မာသွား၍ထင်သည်
မော့ကြည့်လာတဲ့ ကလေး မျက်ဝန်းတွေ
က မျက်ရည်စတွေအိကျကာ မကြာခင်
ပြိုပျက်တော့မည့်ပုံပင်။

"ဦးခွန်း စစ်ကို စိတ်မရှည်တော့ဘူး....
စစ်ကိုအော်တယ်...မချစ်တော့ဘူးမဟုတ်
လား....ဟင့်...ဦးခွန်း စစ်ကိုအလိုမလိုက်
ဘူး...မချစ်တော့ဘူး....အင့်...."

ပြိုကျလာတဲ့မျက်ရည်စက်တွေနဲ့ တအင့်
အင့်ရှိုက်ငိုနေတဲ့ ကလေးငယ်ကြောင့်
ခွန်းသစ် အသဲအသန်ထိုင်နေရာမှထကာ
မျက်ရည်များကို ခပ်ဖွဖွသုတ်ပေးရတော့သည်။

ဒီကလေးငယ်က အရင်ထက်ပိုပြီး ချွဲလာ
သလို၊အားလည်း ငယ်တက်သေးသည်။
တစ်ခုခုဆို သူ့ကိုမချစ်တော့ဘူးဟုဆိုကာ
မျက်ရည်များသည်းထန်ကာ ငိုကြွေးတက်
သေးသည်။

"မငိုပါနဲ့တော့ ကလေးရယ်...မောနေ
လိမ့်မယ်...ကိုယ်က ကလေးကိုဘာလို့
မချစ်ရမှာလဲ ချစ်တာပေါ့....လာ....
မငိုနဲ့တော့...ကလေးလားပြော ညစ်ပတ်
ကုန်ပြီကြည့်စမ်း.....ဟားဟား...ကလေး
ပါပဲကွာ...."

ပါးအိအိလေးပေါ်က မျက်ရည်ကြည်တွေကို
သုတ်ဖယ်ပေးရင် ခပ်သွက်သွက်စတော့ မျက်
စောင်းလေးထိုးလာသည်။ဒီလို အသည်းယား
စရာ ကလေးငယ်အား အရုပ်လေးသာဆို အမြဲ
သွားလေရာအိတ်ထဲထည့်ခေါ်သွားချင်ပါသည်။

Replace(completed)Where stories live. Discover now